Main menu

Background

၂၀၂၅ ခုနှစ် ပထမနှစ်လအတွင်း ဆန်စပါးတင်ပို့မှုမှ ဝင်ငွေ ဒေါ်လာသန်း ၄၂၀ ကမ္ဘောဒီးယားရရှိ

Wed, 04/09/2025 - 11:55 -- journal_editor

ကမ္ဘောဒီးယားနိုင်ငံအနေဖြင့်  ၂၀၂၅ ခုနှစ် ပထမ နှစ်လအတွင်း ဆန်နှင့်စပါးတင်ပို့မှုမှ ဝင်ငွေ အမေရိကန် ဒေါ်လာ သန်း ၄၂၀ ခန့်ရရှိခဲ့သည်ဟု  ကမ္ဘောဒီးယားဆန် စပါးအသင်းချုပ်က အစီရင်ခံဖော်ပြခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံသည် ဇန်နဝါရီလမှ ဖေဖော်ဝါရီလ အထိ ဆန် ၁၃၅၀၇၄ တန် တင်ပို့နိုင်ခဲ့ရာ ယခင်နှစ် အလား တူကာလ၌ တင်ပို့မှု ၉၀၁၅၃ တန်အပေါ် ၄၉ ဒသမ ၈ ရာခိုင် နှုန်း ပိုမိုတိုးတက်ခဲ့ပြီး ဝင်ငွေအားဖြင့် ၆၂ ရာခိုင်နှုန်း တိုးတက် လျက် အမေရိကန်ဒေါ်လာ ၁၀၆ သန်းရရှိခဲ့ကြောင်း င်္ဃျွ ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။  
ဆန်တင်ပို့သည့် ကုမ္ပဏီ ၄၄ ခုမှ ဈေးကွက်နေရာဒေသ ၅၁ ခုသို့ တင်ပို့ခဲ့ခြင်းဖြစ်ပြီး ယင်းတို့အနက် ဥရောပရှိ ၂၅ နိုင်ငံသို့ စုစုပေါင်း ဆန်တန်ချိန် ၇၃၀၄၈ တန်၊ တန်ဖိုးအားဖြင့် ဒေါ်လာ ၅၈ ဒသမ ၅၃ သန်း၊  ဟောင်ကောင်နှင့် မကာအိုအပါ အဝင် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ တန်ချိန်အားဖြင့် ၁၆၅၀ဝ တန်နှင့်တန်ဖိုးအားဖြင့် ဒေါ်လာ ၁၀ ဒသမ ၄၇ သန်း၊ အာဆီယံ ၄ နိုင်ငံသို့ ဒေါ်လာ ၁၆ ဒသမ ၆၆ သန်းတန်ဖိုးရှိ ဆန် ၂၃၂၉၇ တန်နှင့် အာဖရိက၊ အရှေ့အလယ်ပိုင်းဒေသ၊ အမေရိကန်၊ ကနေဒါ၊ သြစတြေးလျနှင့် နယူးဇီလန်တို့ အပါအဝင် အခြား နိုင်ငံပေါင်း ၂၀ သို့  တန်ဖိုးအားဖြင့်  ဒေါ်လာ ၁၉ ဒသမ ၈၇ သန်းရှိသော ဆန် ၂၂၂၂၉ တန်တို့ကို အသီးသီး  တင်ပို့နိုင်ခဲ့ ကြောင်း သိရသည်။ 
ပြည်ပသို့  တင်ပို့သည့်  ဆန်များအနက်  ဆန်မွှေး ၈၆ ဒသမ ဝ၃ ရာခိုင်နှုန်း၊ ဆန်ဖြူ ၈ ဒသမ ၆၅ ရာခိုင်နှုန်း၊ ပေါင်း ဆန် ၂ ဒသမ ၉၉ ရာခိုင်နှုန်း၊ အော်ဂဲနစ်ဆန် ၁ ဒသမ ၈၇ ရာခိုင်နှုန်းနှင့် အခြားဆန် မျိုးကွဲ သုည ဒသမ ၄၆ ရာခိုင်နှုန်းတို့ ဖြစ်ကြောင်း သိရသည်။
င်္ဃျွ အသင်းချုပ် ဥက္ကဋ္ဌ ဃ့ညေ ှသု့နညေါ က ဆန်တင် ပို့မှု တိုးတက်လာခြင်းသည် လက်ရှိ ရရှိထားသည့်ဈေးကွက်နှင့် ဈေးကွက်အသစ်များတွင် အပြုသဘောဆောင်သည့် ပြောင်း လဲမှုကို ပြသနေကြောင်း၊ ၎င်းတို့အနေဖြင့် လက်ရှိဈေးကွက် များသို့ ကုန်ပစ္စည်းတင်ပို့မှု တိုးချဲ့သည့်နည်းတူ ဈေးကွက် အသစ်များ ရယူနိုင်ရန်လည်း ကြိုးစားလုပ်ဆောင်ခဲ့ကြောင်း၊ ဆန်တင်ပို့မှု တိုးမြှင့်ရေး အကောင်းဆုံးဖြစ်အောင် ဆက်လက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
ကမ္ဘောဒီးယားနိုင်ငံ  အနေဖြင့် ၂၀၂၅ ခုနှစ် ပထမ နှစ်လအတွင်း နယ်စပ်ဖြတ်ကျော်၍ စပါးတန်ချိန် ၁ ဒသမ ၃၉ သန်း တင်ပို့ခဲ့ရာ ယခင်နှစ်  ကာလတူနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ သို့သော်လည်း တန်ဖိုးအားဖြင့်မူ ယခင်နှစ် အလားတူကာလတွင် စပါးတင်ပို့ မှုမှ ဒေါ်လာ ၃၉၅ သန်းရရှိခဲ့ရာမှ ယခုနှစ် တွင် ဒေါ်လာ ၃၁၃ သန်းသာ ရရှိလျက် ၂၀ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သိရ သည်။
ကမ္ဘာ့ဆန်ဖြူ တင်ပို့မှု ဈေးကွက်၌ အကျပ်အတည်း ဖြစ်ပေါ်မှုကြောင့် ကမ္ဘောဒီးယား၏ စပါးတင်ပို့မှုလည်း ကျ ဆင်းလာကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ယခုနှစ် အစောပိုင်း တွင် စပါးတင်သွင်းမှုကို ခေတ္တရပ်ဆိုင်းခဲ့ရာ ကမ္ဘောဒီးယား လယ်သမားများသည် ၎င်းတို့၏ စပါးများကို ဈေးကွက် ပေါက် ဈေးထက် လျှော့ချ၍ ရောင်းချခဲ့ကြရကြောင်း၊ လယ်သမား များထံမှ စပါးများဝယ်ယူခြင်းဖြင့် အဆိုပါပြဿနာကို ဖြေရှင်း နိုင်ရန်အတွက် ကမ္ဘောဒီးယားအစိုးရသည် ဆန်စက်လုပ်ငန်း ရှင်များသို့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ အား ရန်ပုံငွေ ခွဲဝေပေးအပ်ခဲ့ကြောင်း၊ ထို့အပြင် အစိုးရသည် နိုင်ငံတကာ ဈေးကွက်များသို့ တိုက်ရိုက်တင်ပို့မှု မြှင့်တင်နိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက် ခြင်း ကို ပိုမိုအလေးထားဆောင်ရွက်ရန် င်္ဃျွ အား တိုက်တွန်းထား ကြောင်း သိရသည်။
Source: Khmer Times
DHTSN, DOCA