ထိုင်းနိုင်ငံတွင် ကော်ဖီစေ့ဈေး နှုန်းများ မြင့်တက်လျက်ရှိမှုနှင့်အတူ စိုက်ပျိုးထုတ်လုပ်မှု ဧရိယာကို တိုးချဲ့ လျက်ရှိသော်လည်း အထွက်ပမာဏ သိသာစွာ ကျဆင်းလျက် ကော်ဖီစေ့ ပြတ်လပ်မှုနှင့် ကြုံတွေ့နေရသဖြင့် ၂၀၂၅ ခုနှစ်တွင် ကော်ဖီစေ့၊ အသင့် သောက်သုံးနိုင်သောကော်ဖီနှင့် အခြား သော ကော်ဖီထုတ်ကုန်များ အပါအဝင် ကော်ဖီတန်ချိန် ၈၀ဝ၀ဝ ခန့်အထိ တင် သွင်းရဖွယ်ရှိ သည်ဟု အစိုးရအဆင့်မြင့် အရာရှိတစ်ဦးက မတ် ၁၈ ရက်တွင် ပြောဆိုကြောင်The Nation Thailand သတင်းဌာနက ဖော်ပြသည်။
လယ်ယာထွက်ကုန် စီးပွားရေး ရာရုံးမှ ဒုတိယအထွေထွေအတွင်းရေး မှူးချုပ် Thantita Boonyamaneekul က ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ကော်ဖီ စေ့ထုတ်လုပ်မှုမှာ စုစုပေါင်း တန်ချိန် ၁၅၆၅၁ တန်ရှိပြီး အာရေးဗီးကာ ကော်ဖီ ၁၀၆၈၂ တန်နှင့် ရိုဘတ်စတာ ကော်ဖီ ၄၉၆၉ တန် ပါဝင်ကြောင်း၊ ၎င်း ပမာဏသည် ယခင်နှစ်ထုတ်လုပ်မှုနှင့် နှိုင်းယှဉ်ပါက ၉၇၂ တန် လျော့နည်း လျက်ရှိကြောင်း၊ ကော်ဖီစိုက် ဧရိယာ များကို တိုးချဲ့လျက်ရှိနေသော်လည်း ထုတ်လုပ်မှုမှာ ကျဆင်းလျက်ရှိကြောင်း၊ ပြည်တွင်း၌ နှစ်စဉ် ကော်ဖီစေ့သုံးစွဲမှုမှာ တန်ချိန် ၉၅၅၀ဝ ခန့်ရှိသဖြင့် ယခုနှစ် တွင် ပြည်တွင်း ဝယ်လိုအားကို ဖြည့် ဆည်းနိုင်ရန်အတွက် အနည်းဆုံး ကော်ဖီတန်ချိန် ၈၀ဝ၀ဝ ခန့်ကို တင် သွင်းရန် လိုအပ်ကြောင်း၊ ကော်ဖီဈေး နှုန်းများ မြင့်တက်လျက်ရှိမှုအရ ကော်ဖီ စိုက်ခင်းများကို ဆက်လက်တိုးချဲ့ စိုက် ပျိုးမှုရှိနေမည်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။
ထိုင်းနိုင်ငံ၌ ၂၀၂၄ ခုနှစ် မတ်လ အထိ အာရေးဗီးကာ ကော်ဖီစိုက် ဧရိယာ ၁၃၉၉၉၈ ရိုင်နှင့် ရိုဘတ်စတာကော်ဖီ စိုက်ဧရိယာ ၈၀၅၅၅ ရိုင်တို့ကို တောင်သူ များက စိုက်ပျိုးထားပြီးဖြစ်ကြောင်း၊ ယခင်နှစ်ကာလတူနှင့် နှိုင်းယှဉ်ပါက ၄၀၃၆ ရိုင် တိုးတက်လာခဲ့ကြောင်း သိရှိရသည်။ (၁ ရိုင်သည် သုည ဒသမ ၃၉၅၃၆၉ ဧကနှင့် ညီမျှသည်။)
ထိုင်းဈေးကွက်တွင် မတ်လအတွင်း ဖြစ်ပေါ်လျက်ရှိသော ကော်ဖီစေ့ပျမ်းမျှ ဈေးနှုန်းများမှာ အာရေးဗီးကာကော်ဖီ စေ့ တစ်ကီလိုဂရမ်လျှင် ၁၆၃ ဘတ်ရှိပြီး ငါးနှစ်တာကာလ ပျမ်းမျှဈေးနှုန်း ဘတ် ၁၆၀ ၏အထက်တွင်ရှိနေသည်။
ရိုဘတ်စတာကော်ဖီစေ့ တစ် ကီလိုဂရမ်၏ ပျမ်းမျှဈေးနှုန်းမှာမူ ၁၈၈ ဘတ်နှုန်းအထိရှိပြီး ငါးနှစ်တာကာလ ပျမ်းမျှဈေးနှုန်းဖြစ်သော တစ်ကီလို ဂရမ်လျှင် ဘတ် ၈၀ နှုန်းထားထက် နှစ်ဆကျော် မြင့်မားလျက်ရှိကြောင်း သိရသည်။
Source: The Nation Thailand
UNAL, DOCA