Main menu

Background

၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် ပို့ကုန် ၁၄ ရာခိုင်နှုန်း ထိုင်းနိုင်ငံအနေဖြင့် တိုးမြှင့်တင်ပို့နိုင်ခဲ့

Wed, 04/09/2025 - 11:59 -- journal_editor

ထိုင်းနိုင်ငံ၏  ဖေဖော်ဝါရီလအတွက် ပို့ကုန်တင်ပို့မှုများ သည်  တစ်နှစ်ထက် တစ်နှစ် ၁၄ ရာခိုင်နှုန်း  မြင့်တက်လာခဲ့ပြီး  အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၇ ဘီလီယံထိ ရောက်ရှိခဲ့ကြောင်း၊ ပို့ကုန်ရာခိုင်နှုန်း ဆက်တိုက်တိုးမြင့်လာခြင်းမှာ ရှစ်လဆက်တိုက် တိုးမြင့်လာခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ အချက်အလက်အရ သိရသည်။
ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဏငခ့ငေ ြမေငစအ့စေ့ညေ က ဖေဖော်ဝါရီလ၏ သွင်းကုန်တန်ဖိုးသည်  အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၇ ဘီလီယံရှိပြီး တစ်နှစ်ထက်တစ်နှစ် ၄ ရာခိုင်နှုန်း တိုး လာကာ ကုန်သွယ်မှုပိုငွေ အမေရိကန်ဒေါ်လာ ၉၉ ဘီလီယံအထိ ရှိလာသည်ဟုဆိုသည်။ ]]ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုများ ပိုမို ဝင်ရောက်လာပြီး  လွတ်လပ်စွာ  ကုန်သွယ်မှုပြုနိုင်ရေး ညှိနှိုင်းမှု တွေက ပို့ကုန်တိုးမြှင့်တင်ပို့ ရာမှာ အထောက်အကူ ဖြစ်စေပါတယ်}} ဟု မြ ဏငခ့ငေ က ပြောကြားခဲ့သည်။
ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်လာခြင်းနှင့် ပို့ကုန်ထုတ်လုပ်မှု အတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ တင်သွင်းမှု များပြား လာခြင်းကြောင့် ၂၀၂၅ ခုနှစ်  ဇန်နဝါရီလနှင့်  ဖေဖော်ဝါရီလတို့တွင် ပို့ကုန် ၁၃ ဒသမ ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်းဖြစ်သည်။
ကုန်သွယ်မှုမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေးမှူး ချုပ် ဏသသညစသညါ ြငေပညေစေေုသမည က ဖေဖော်ဝါရီလ၏ ပို့ကုန် တိုး တက်မှုသည် စိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးကဏ္ဍများကြောင့် ဖြစ် သည်ဟု ပြောကြားခဲ့သည်။ 
ရော်ဘာတင်ပို့မှု ၃၅ဒသမ၇ ရာခိုင်နှုန်း၊ ဂျုံထုတ်ကုန်များနှင့် အဆင်သင့်စားသောက်ကုန်ပစ္စည်းများ ၂၇ ဒသမ ၇ ရာခိုင်နှုန်း၊ သကြား ၂၅ ဒသမ ၈ ရာခိုင်နှုန်း၊ စည်သွတ်ဘူးဖြင့် ပြင်ဆင်ထား သည့်  ပင်လယ်စာ ၂၂ဒသမ၅ ရာခိုင်နှုန်း၊  အိမ်မွေးတိရစ္ဆာန် အစားအစာ ၁၄ ဒသမ ၄ ရာခိုင်နှုန်းနှင့် အေးခဲကြက်သားမှာ ၉ ဒသမ ၃ ရာခိုင်နှုန်းတို့ဖြစ်ပြီး ရော်ဘာတင်ပို့မှုအပါအဝင် အခြား ထုတ်ကုန်အများအပြား၏ တင်ပို့မှုရာခိုင်နှုန်း  တိုးတက်မှုရှိသည်ကို  သိရသည်။ 
သို့သော်  ဆန်အပါအဝင် ထုတ်ကုန်အချို့များဖြစ်သည့် ပီလောပီနံထုတ်ကုန်များ၊  လတ်ဆတ်သော  အေးခဲထားသည့် အသီးခြောက်များ၊ အသားနှင့် ပြုပြင်ထားသော အသားထွက် ကုန်များ တင်ပို့မှု အနည်းငယ် ကျဆင်းခဲ့သည်။
ဖေဖော်ဝါရီလ တွင် ဆန်တင်ပို့မှု ပမာဏသည် နှစ်စဉ် ၃၃ ဒသမ၁ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အိန္ဒိယပြီးလျှင် ကမ္ဘာ့ဒုတိယ အကြီးဆုံး  ဆန်တင်ပို့သည့် ထိုင်းနိုင်ငံသည် အိန္ဒိယ၏ ဆန် တင်ပို့မှု ပြန်လည်စတင်ပြီးနောက် ၂၀၂၄ ခုနှစ်တွင် ဆန်တန်ချိန် ၉ဒသမ၉၅ သန်းမှ ယခုနှစ်အတွင်း တန်ချိန် ၇ဒသမ၅ သန်း တင်ပို့ နိုင်မည်ဟု မျှော်လင့်ထားကြောင်း ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ သိရသည်။ 
တစ်ချိန်တည်းမှာပင်    မော်တော်ယာဉ်၊ စက်ကိရိယာနှင့် မော်တော်ယာဉ်အစိတ်အပိုင်းများကြောင့်  ဖေဖော်ဝါရီလ၏ စက်မှုထုတ်ကုန်တင်ပို့မှုမှာ   တစ်နှစ်ထက်တစ်နှစ် ၁၇  ဒသမ၂ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ (ကွန်ပျူတာများ၊ ဆက်စပ်ပစ္စည်း များနှင့် ကွန်ပျူတာ အစိတ်အပိုင်းများ၊ ကျောက်မျက်နှင့် လက် ဝတ်လက်စားများ (ရွှေမပါ)၊ ရော်ဘာထုတ်ကုန်များ၊ လေအေးပေး စက်များနှင့် အစိတ်အပိုင်းများ၊ စက်ယန္တရားများနှင့် အစိတ် အပိုင်းများနှင့် အီလက်ထရွန်နစ် ဆားကစ်များ ပါဝင်သည်။)
ညွှန်ကြားရေးမှူးချုပ် မြ. ဏသသညစသညါ က အဓိက ဈေးကွက် အများစုတွင် တင်ပို့မှုများ တိုးတက်လာခဲ့ကြောင်း၊ အထူးသဖြင့် ထုတ်လုပ်ရေးကဏ္ဍ တိုးတက်မြင့်မားလာသည့်အတွက် ဝယ်လို အား  များပြားလာခြင်းကြောင့် တရုတ်နိုင်ငံသို့ ပို့ကုန်များ ၂၂ ဒသမ ၄ ရာခိုင်နှုန်းအထိ တိုးမြှင့်တင်ပို့နိုင်လာသည်ဟု ပြောကြား ခဲ့သည်။ 
ဖေဖော်ဝါရီလအတွင်း ထိုင်းနိုင်ငံ၏ အကြီးဆုံး ဈေးကွက် ဖြစ်သည့် အမေရိကန်သို့ တင်ပို့မှုများမှာ တစ်နှစ်တာနှိုင်းယှဉ်မှုအရ ၁၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ ထို့ပြင် တောင်အာရှနိုင်ငံ များမှ   ထိုင်းနိုင်ငံ၏ ကျောက်မျက်ရတနာများနှင့် လက်ဝတ် ရတနာများအပေါ် ဝယ်လိုအား မြင့်တက်ခဲ့သည်။ 
၂၀၂၅ ခုနှစ် ပထမသုံးလပတ်တွင် ခိုင်မာသော ကုန်ထုတ် လုပ်မှု၊ အီလက်ထရွန်နစ်ပစ္စည်းဝယ်လိုအား မြင့်တက်လာမှုနှင့် ပထဝီနိုင်ငံရေး တင်းမာမှုများကို ဖြေလျှော့ပေးခြင်းဖြင့် ပို့ကုန် တိုးတက်မှုနှုန်း အနည်းဆုံး ၁၀ ရာခိုင်နှုန်း တိုးတက်လာမည်ကို ခန့်မှန်းခဲ့သည်ဟု သိရှိရသည်။
၂၀၂၄  ခုနှစ်တွင် ထိုင်းပို့ကုန်သည် ၅ဒသမ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး   အမေရိကန်ဒေါ်လာ ၃၀၁ ဘီလီယံရှိခဲ့သည်။ ယခုနှစ် ၂၀၂၅ ခုနှစ် တွင် ၂ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအထိ တိုးလာမည်ဟု ဝန်ကြီးဌာနက  ခန့်မှန်းထားခဲ့ပြီး  လယ်ယာ ထွက်ကုန် အထူးသဖြင့် သစ်သီးဝလံများသည် ဒုတိယသုံးလပတ် တွင် တိုးလာမည်ဟု မျှော်လင့်ထားကြောင်း၊ အမေရိကန်၏ ကုန် သွယ်မှုမူဝါဒ အပြောင်းအလဲများကို စောင့်ကြည့်ရန် လိုအပ် ကြောင်းနှင့် အဆိုပါ ပြောင်းလဲမှုသည် ယခုနှစ် လက်ကျန်လများ အတွက် စိန် ခေါ်မှုများ ရှိလာနိုင်ကြောင်း ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။     
Bangkok Post သတင်းWebsite  မှ သတင်း ၂ပုဒ်ဖြစ်သည့် ၂၂-၃-၂၀၂၅ ရက်နေ့ Exports grow by 14% as momentum continues နှင့် ၂၁-၃-၂၀၂၅ ရက်နေ့ Thai February exports jump 14%, beating forecast တို့အား စုစည်းဘာသာပြန် တင်ပြ ထားခြင်းဖြစ်ပါသည်။)

 

မြိတ်ကုန်သွယ်ရေးစခန်း