အိန္ဒိယနိုင်ငံအနေဖြင့် စားအုန်းဆီကို ငါးလကြာမျှ တင်သွင်းမှု လျှော့ချခဲ့ရာမှ ယခုအခါ စားအုန်းဆီဈေးနှုန်းများ သည် ပြိုင်ဘက်ပဲပုပ်ဆီ၏ ဈေးနှုန်းအောက်သို့ ကျဆင်းလျက် ရှိရာ စားသုံးဆီ ပြန်လည်သန့်စင်ပြုပြင်သည့် လုပ်ငန်းများ၏ ကုန်စည်သိုလှောင်ဖြည့်တင်းရန် အဝယ်အမှာစာများ ပေးပို့မှု ကို တွန်းအားဖြစ်ပေါ်စေပြီး စားအုန်းဆီဝယ်ယူမှုမှာ စတင်၍ မြင့်တက်လာသည်ဟု ကုန်သည်လုပ်ငန်းရှင်လေးဦးက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။
ကမ္ဘာ့အကြီးဆုံး စားအုန်းဆီ တင်သွင်းသူဖြစ်သော အိန္ဒိယနိုင်ငံ၏ ဝယ်ယူမှု မြင့်တက်လာခြင်းသည် ၂၀၂၅ ခုနှစ် အတွင်း ၁၀ရာခိုင်နှုန်းခန့်ဈေးနှုန်းကျဆင်းနေခဲ့သည့် မလေးရှား စားအုန်းဆီ ကြိုတင်ရောင်းချမှု စံပြုဈေးနှုန်း မြင့်တက်မှုကို အထောက်အပံ့ပြုလိမ့်မည်ဖြစ်သည်။ စားအုန်းဆီ ဈေးနှုန်း များသည် အဆမတန် မြင့်မားနေမှုအရ အိန္ဒိယအနေဖြင့် ဝယ်ယူတင်သွင်းမှုကို လျှော့ချခဲ့ခြင်းဖြစ်ကြောင်း၊ သို့သော် ယခုအခါ ပဲပုပ်ဆီထက် ဈေးနှုန်းသက်သာလာသဖြင့် ဆီပြန် လည် သန့်စင်ပြုပြင်သူများသည် ပိုမိုမှာယူလာကြကြောင်းဖြင့်Sunvin Group ဟင်းသီးဟင်းရွက်ဆီ ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ်Sandeep Bajoria က ပြောဆိုခဲ့သည်။
ဆီကုန်သည်များ၏ ပြောကြားချက်အရ လက်ရှိကာလ တွင် အိန္ဒိယဆိပ်ကမ်းသို့ ၂၀၂၅ ခုနှစ် မေလအရောက် တင် သွင်းမည့် သင်္ဘောတင်စရိတ်၊ အာမခံကြေးနှင့် သယ်ယူ ပို့ဆောင်ခများ ပါဝင်ပြီးဖြစ်သော စားအုန်းဆီကြမ်း (Crude palm oil - CPO)) တစ်တန်၏ ဆိပ်ကမ်းအရောက် CIFဈေး နှုန်းသည် ဒေါ်လာ ၁၀၅၀ ခန့်ရှိပြီး ပဲပုပ်ဆီကြမ်းတစ်တန်၏ အလားတူ CIFဈေးနှုန်းမှာမူ ဒေါ်လာ ၁၁၀ဝ ခန့်ရှိကြောင်း သိရှိရသည်။
စားအုန်းဆီသည် ပဲပုပ်ဆီထက် ဒေါ်လာ ၁၀ဝ ခန့် ပိုမို လျက် ပရီမီယံဈေးနှုန်းအဆင့်သို့ ရောက်ရှိနေခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလမှစတင်၍ အိန္ဒိယဝယ်လက်များ အနေဖြင့် ဝယ်ယူမှုကို လျှော့ချထားခဲ့ခြင်းဖြစ်သည်။ အိန္ဒိယ၏ စားအုန်း ဆီ တင်သွင်းမှုမှာ ဒီဇင်ဘာလမှ မတ်လအတွင်း တန်ချိန် ၁ ဒသမ ၅၇ သန်းခန့်ရှိပြီး ဧပြီလတွင် တန်ချိန် ၃၅၀ဝ၀ဝ ခန့် တင်သွင်းဖွယ်ရှိရာ အဆိုပါငါးလအတွက် လစဉ်ပျမ်းမျှ တင် သွင်းမှုပမာဏမှာ ၃၈၄၇၁၂ တန်ခန့် ရှိမည်ဖြစ်သည်။
အိန္ဒိယ စားသုံးဆီကြိတ်ခွဲထုတ်လုပ်သူများအသင်း၏ အဆိုအရ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကုန်ဆုံးသော ဈေးကွက် ရာသီနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ လစဉ်ပျမ်းမျှ စားအုန်းဆီ တင်သွင်းမှုမှာ တန်ချိန် ၇၅၀ဝ၀ဝ ခန့်ရှိကြောင်း သိရသည်။ အဆိုပါအသင်းအနေဖြင့် ဧပြီလအတွက် တင် သွင်းမှုအစီရင်ခံစာကို လာမည့် မေလ လလယ်ပိုင်းတွင် ထုတ် ပြန်မည်ဖြစ်သည်။
အိန္ဒိယ၏ စားအုန်းဆီ တင်သွင်းမှုသည် မေလတွင် တန်ချိန် ၅၀ဝ၀ဝ၀ ခန့်နှင့် ဇွန်လတွင် တန်ချိန် ၆၀ဝ၀ဝ၀ ကို ကျော်လွန်နိုင်ကြောင်း၊ ဇူလိုင်လမှ စက်တင်ဘာလအတွင်း လစဉ်ပျမ်းမျှ တန်ချိန် ၇၀ဝ၀ဝ၀ ခန့်ကို တင်သွင်းဖွယ်ရှိကြောင်း ကုန်သည်များက ပြောဆိုထားသည်။ စားသုံးဆီ ကုန်သွယ် ရောင်းဝယ်ရေးလုပ်ငန်းတစ်ခုဖြစ်သောGGN Research မှ မိတ်ဖက်စီမံခန့်ခွဲသူRajesh Patel က လွန်ခဲ့သော ငါးလတာ အတွင်း ပုံမှန်အောက် လျှော့ချတင်သွင်းခဲ့မှုကြောင့် အိန္ဒိယ၏ စားသုံးဆီ သိုလှောင်မှု လက်ကျန်ပမာဏမှာ လျော့ကျလျက်ရှိ ကြောင်း၊ သို့ဖြစ်ရာ ဆီသန့်စင်မှု လုပ်ငန်းများအနေဖြင့် ယခု အချိန်တွင် ပိုမိုတိုးမြှင့်တင်သွင်းရန် လိုအပ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
Source: Reuters
UNAL, DOCA