စားနပ်ရိက္ခာလိုအပ်ချက်အရ နိုင်ငံတကာမှ အကူအညီ တောင်းခံ လာပါက ပြည်တွင်း၌ ဆန်ပိုလျှံမှုအပေါ်မူတည်၍ လူသားချင်းစာနာ ထောက်ထားမှုအဖြစ် အကျိုးအမြတ်များစွာ ရယူခြင်းမရှိဘဲ အခြေခံထုတ် လုပ်မှုစရိတ်၊ သယ်ယူပို့ဆောင်မှုစရိတ်နှင့် ကိုင်တွယ်ထိန်းသိမ်းမှုစရိတ်များ ကာမိသည့်နှုန်းထားဖြင့် ဆန်တင်ပို့ခြင်းကို ခွင့်ပြုမည်ဟု အင်ဒိုနီးရှား သမ္မတ Prabowo Subianto က ဆူမားတြားတောင်ပိုင်းဒေသသို့ သွား ရောက်သည့် ခရီးစဉ်အတွင်း ဧပြီ ၂၃ ရက်တွင် ပြောကြားခဲ့သည်။မလေးရှားနိုင်ငံ၏ ဆန်ရောင်းချပေးရန် တောင်းဆိုမှုအပေါ် ပြည် တွင်းစားနပ်ရိက္ခာဖူလုံမှုကိုသာ အလေးပေးဆောင်ရွက်မည်ဟု အင်ဒို နီးရှား စိုက်ပျိုးရေးဝန်ကြီး Andi Amran Sulaiman က ငြင်းပယ်ခဲ့အပြီး အင်ဒိုနီးရှားသမ္မတက ယခုကဲ့သို့ ဆန်တင်ပို့ရန် ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
အချို့သောနိုင်ငံများသည် အင်ဒိုနီးရှားထံမှ ဆန်များကို ဝယ်ယူ လိုသည်ဟု စိုက်ပျိုးရေးဝန်ကြီးနှင့် စားနပ်ရိက္ခာရေးရာ ပူးပေါင်းဆောင် ရွက်ရေးဝန်ကြီးတို့က ၎င်းထံ သတင်းပို့တင်ပြလာကြောင်း၊ သို့ဖြစ်ရာ ဆန်တင်ပို့ရန်အတွက် အတည်ပြုခွင့်ပြုမိန့် ချမှတ်ပေးခဲ့ကြောင်း၊ အင်ဒို နီးရှား၏ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုမှာ လွန်ခဲ့သော လေးလတာအတွင်း စံချိန်တင် မြင့်တက်ခဲ့ကြောင်း၊ သို့ရာတွင် အစိုးရ၏ သိုလှောင်ရုံများမှာ အပြည့်အဝ သိုလှောင်ထားရှိပြီးဖြစ်၍ ပိုလျှံသောဆန်များသည် သိုလှောင် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ စိန်ခေါ်မှုအသစ်တစ်ရပ် ဖြစ်ပေါ်လာခဲ့ ကြောင်းဖြင့် သမ္မတ Mr. Prabowo uက ပြောဆိုခဲ့သည်။
Source: Asia News Network
UNAL, DOCA
Background