Main menu

Background

ယှဉ်ပြိုင်နိုင်စွမ်း မြင့်တက်လာစေရေးအတွက် နိုင်ငံခြားသား စီးပွားရေးလုပ်ငန်းဆိုင်ရာဥပဒေ ပြင်ဆင် ဖြေလျှော့ရေး ထိုင်းနိုင်ငံ အတည်ပြ

Mon, 05/05/2025 - 12:07 -- journal_editor

ထိုင်းအစိုးရသည် ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ ရင်းနှီးမြှုပ်နှံသူများ ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်သည့် နိုင်ငံဖြစ်စေ ရေးအတွက် နိုင်ငံခြားသား စီးပွားရေး လုပ်ငန်းများဆိုင်ရာ ဥပဒေတွင်ပါ ရှိသည့် အချို့စည်းမျဉ်းစည်းကမ်း ကန့်သတ်ချက်များကို ပြင်ဆင်ဖြေ လျှော့ရန်  မူအားဖြင့် သဘောတူထားပြီးဖြစ်သည်။  ထိုင်းနိုင်ငံ ဥပဒေ ပြုပြင်ရေးကော်မရှင်သည် လက်ရှိပြောင်းလဲလာသည့် စီးပွားရေးအခြေ အနေများနှင့် လိုက်လျောညီထွေမှုရှိစေရေးအတွက် ထိုင်းစီးပွားရေးလုပ် ငန်းရှင်များကို အလွန်အမင်း ကာကွယ်ထားသည့် သက်တမ်းအားဖြင့် ၂၅ နှစ်ရှိသည့် အဆိုပါဥပဒေကို ပြုပြင်သင့်ကြောင်း အကြံပြုထားပြီး ဖြစ်သည်။ 
ထို့ပြင် ဘဏ္ဍာရေးဝန်ကြီးဌာနက ထိုင်းနိုင်ငံတွင် နိုင်ငံခြားသားများ လုပ်ကိုင်ခွင့်ပြုသည့် လုပ်ငန်းအမျိုးအစားများနှင့် ထိုင်းလူမျိုးများ ကိုင် ဆောင်ထားရမည့် အစုရှယ်ယာ အချိုးအစားများအပေါ် ကန့်သတ်ထား သည့် ဥပဒေကို ပြန်လည်ပြင်ဆင်ရန် လိုအပ်ကြောင်း အကြံပြုတင်ပြထား သည်။
အကြံပြုချက်များအရ ထိုင်းအစိုးရအဖွဲ့သည် နိုင်ငံတော်၏ စီးပွား  ရေးဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေသည့် စည်းမျဉ်းစည်းကမ်း များကို ဖယ်ရှား၍ ပြင်ဆင်ချက်မူကြမ်းရေးဆွဲရန် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ဧပြီ ၂၂ ရက်က ညွှန်ကြားခဲ့သည်။ 
ထိုပြင်ဆင်မှုမှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများနှင့် နည်းပညာအသစ် အဆန်းများ ရရှိလာမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ စွန့်ဦးတီထွင်သူများ၊ လုပ်ငန်းအသစ်များ တိုးပွားလာစေရေးအတွက် အရေးကြီးကြောင်းကို အစိုးရ ပြောရေးဆိုခွင့်ရှိသူKarom Polpornklang က ပြောကြားခဲ့သည်။ 
အနာဂတ် စီးပွားရေးနှင့် စက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် စေသည့် မည်သည့် စည်းမျဉ်း ထုတ်ပြန်မှုမဆို ပြည်တွင်းအသားတင် ထုတ်ကုန် GDP) အတွက် အလားအလာရှိသည့် အဓိက ပံ့ပိုးမှုဖြစ်သည် ဟု ကော်မရှင်က သုံးသပ်ထားခြင်းကြောင့် ပြင်ဆင်လိုခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုကဲ့သို့ ဥပဒေပြင်ဆင်ရန် အဆိုပြုချက်ကို ဘဏ္ဍာရေး၊ စီးပွားရေး၊ ပြည်ထဲရေးနှင့် အလုပ်သမားဝန်ကြီးဌာန သုံးခုအပြင် အမျိုးသားစီးပွား ရေးနှင့် လူမှုရေးဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၊ ရင်းနှီးမြှုပ်နှံမှု ဘုတ်အဖွဲ့တို့ ပူးပေါင်းဆွေးနွေး အတည်ပြုခဲ့ခြင်းဖြစ်သည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၌ မှတ်ပုံတင်ထားသည့် ကုမ္ပဏီတစ်ခုသည် နိုင်ငံခြား အစုရှယ်ယာ အများဆုံး ၄၉ ရာခိုင်နှုန်းဖြင့် ကန့်သတ်ထားရှိပြီး လုပ်ငန်းအမျိုးအစားများစွာကို ထိုင်းနိုင်ငံသား လုပ်ငန်းရှင်များအတွက် အလေးပေး  ရေးဆွဲထားခြင်းဖြစ်သည်။ အစုရှယ်ယာအများဆုံး ၄၉ ရာခိုင်နှုန်းသည် နိုင်ငံခြားသားများကိုယ်စား အစုရှယ်ယာများ ရယူရန် အလို့ငှာ ထိုင်းအမည်စာရင်းတင်သွင်းသူများကို အသုံးပြုလာသည့် ကိစ္စ များ များပြားခြင်းကို ဖြစ်ပေါ်လာစေခြင်းကြောင့် စီးပွားရေးဝန်ကြီးဌာန အနေဖြင့် ယခုထက်ပိုမိုကောင်းမွန် ပြည့်စုံသည့်ဥပဒေ ပြင်ဆင်ရေးဆွဲရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအနေဖြင့် ပြည်ပနိုင်ငံခြားသား စီးပွားရေးလုပ်ငန်း ပိုင် ဆိုင်မှုဆိုင်ရာဥပဒေ ပြင်ဆင်ရေးဆွဲရာတွင် ပြည်တွင်း စီးပွားရေးလုပ်ငန်း များကို ကာကွယ်ပေးခြင်းထက်  ထိုင်းလူမျိုးများ ပိုင်ဆိုင်သည်ဖြစ်စေ နိုင်ငံခြားသားများ ပိုင်ဆိုင်သည်ဖြစ်စေ အခြားလုပ်ငန်းများနှင့် ယှဉ်ပြိုင် နိုင်စွမ်းပိုမိုစေရန်နှင့် စွမ်းဆောင်ရည်မြှင့်တင်ပေးနိုင်စေရန် အလေးထား ထည့်သွင်းပြင်ဆင်ရေးဆွဲ ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း အစိုးရ ပြောရေး ဆိုခွင့်ရှိသူ Karom Polpornklang က ပြောကြားခဲ့သည်။ 
မြိတ်ကုန်သွယ်ရေးစခန်း

Source - Bangkok Post