အိန္ဒိယနိုင်ငံသည် သံမဏိထုတ်လုပ်နိုင်မှု စွမ်းရည်ကို မြှင့်တင်ပေးနိုင်ရန်အတွက် သံသတ္တုရိုင်း၊ ကျောက်မီးသွေးနှင့် အခြား အဓိကကုန်ကြမ်းပစ္စည်များကို နိုင်ငံရပ်ခြားမှဝယ်ယူ ရန် အိန္ဒိယကုမ္ပဏီများအား အားပေးတိုက်တွန်းလျက်ရှိ ကြောင်း အိန္ဒိယသံမဏိဆိုင်ရာအတွင်းဝန် ှညေိနနစ ဏသကည- ိမငု က ဧပြီလ ၂၆ ရက်တွင်ပြောကြားခဲ့သည်။
ကမ္ဘာ့ဒုတိယအကြီးဆုံး သံမဏိကြမ်း ထုတ်လုပ်သည့် အိန္ဒိယနိုင်ငံ၏ လက်ရှိစုစုပေါင်း သံမဏိထုတ်လုပ်မှုသည် တန်ချိန် သန်း ၂၀ဝ ခန့်ရှိပြီး ၂၀၃၀ ပြည့်နှစ်တွင် တန်ချိန် သန်း ၃၀ဝ အထိထုတ်လုပ်နိုင်ရန် ရည်မှန်းထားသည်။ ထိုရည် မှန်းချက်ကို ပြည့်မီစေရန်အတွက် ကျောက်မီးသွေး တင်သွင်း မှုအား လက်ရှိတန် ချိန် ၅၈ သန်း ဝန်းကျင် မှ ၂၀၃၀ ပြည့်နှစ် တွင် တန်ချိန် သန်း ၁၆၀ အထိ တိုးလာမည်ဟု ခန့်မှန်းထား ကြသည်။ သံမဏိအထွက်နှုန်း မြင့်တက်နေသော်လည်း သြစတြေးလျနှင့် အမေရိကန်တို့မှ တင်ပို့မှုနည်းခြင်းကြောင့် မတ်လတွင်ကုန်ဆုံးခဲ့သော ဘဏ္ဍာနှစ်အတွင်း အိန္ဒိယနိုင်ငံ၏ ကျောက်မီးသွေးတင်သွင်းမှုသည် သုညဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။ အိန္ဒိယနိုင်ငံသည် ကျောက်မီးသွေးလိုအပ် ချက်၏ ၈၅ ရာခိုင်နှုန်းအား ဖြည့်ဆည်းရန် သွင်းကုန်များ အပေါ်တွင် အမှီပြုနေရပြီး သြစတြေးလျသည် အဆိုပါ တင် သွင်းမှု၏ ထက်ဝက်ကျော်အား ထောက်ပံ့ပေးလျက်ရှိသည်။ အိန္ဒိယအစိုးရပိုင် မိုင်းတွင်း NMDC သည် အင်ဒိုနီးရှားနှင့် သြစတြေးလျတို့တွင် ကျောက်မီးသွေးပိုင်ဆိုင်မှု အခွင့်အလမ်း များအား ရှာဖွေလျက်ရှိသည်။
Source : Reuters
DOCAYangon