ထိုင်းနိုင်ငံ၏ ပို့ကုန်တင်ပို့မှုသည် ၂၀၂၅ ခုနှစ် မတ်လတွင် ဖေဖော်ဝါရီလထက် ၁၄ ရာခိုင်နှုန်း ပိုမိုမြင့်တက် တင်ပို့လာ ခဲ့သည်။ ယခုသီတင်းပတ်အတွင်း အမေရိကန်နိုင်ငံနှင့် တင်သွင်းခွင့် အခွန်ကိစ္စရပ်များနှင့်ပတ်သက်၍ ညှိနှိုင်းဆွေးနွေးသွား မည်ဖြစ်ပြီး အပြုသဘောဆောင်သည့် ဆွေးနွေးမှုရလဒ်များ ရရှိမည်ဟု မျှော်လင့်ထားကြောင်း ထိုင်းနိုင်ငံ ဏငခ့ငေ ြမေငစအ့စေ့ညေ က ဧပြီ ၂၁ ရက်တွင် ပြောကြားခဲ့သည်။
ပို့ကုန်တင်ပို့မှုလုပ်ငန်းသည် ထိုင်းနိုင်ငံစီးပွားရေး၏ အဓိက မောင်းနှင်အားဖြစ်ပြီး ဆွေးနွေးမှု အောင်မြင်ပါက ပို့ကုန် ကဏ္ဍ ဆက်လက်တိုးတက်နိုင်သည်ဟု ကုန်သွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
တောင်အာရှဒေသ ဒုတိယအကြီးဆုံး စီးပွားရေးအဖြစ် ရပ်တည်နေသည့် ထိုင်းနိုင်ငံမှ တင်သွင်းမှုကုန်ပစ္စည်းများအပေါ် ချမှတ်ထားသော ၃၆ ရာခိုင်နှုန်းအခွန်သည် အမေရိကန်သမ္မတ ီသညေိူ ွှမကာစ ၏ စီးပွားရေးမူဝါဒ စီမံမှုအရ ချမှတ်ထားသည့် အမြင့်ဆုံး အခွန်နှုန်းအနက် တစ်ခုဖြစ်သည်။
အမေရိကန်သည် ယခင်နှစ်က ထိုင်း၏ အကြီးဆုံးတင်ပို့ဈေးကွက်ဖြစ်ခဲ့ပြီး စုစုပေါင်းတင်ပို့မှု ၁၈ ဒသမ ၃ ရာခိုင်နှုန်း၊ ဒေါ်လာ ၅၄ဒသမ၉၆ ဘီလီယံတန်ဖိုး ရှိခဲ့သည်။ ထိုင်းနှင့်အမေရိကန်အကြား ကုန်သွယ်ရေး အမြတ်/အရှုံးကို ဝါရှင်တန် ထုတ်ပြန်ချက်အရ အမေရိကန်အနေဖြင့် လိုငွေ ဒေါ်လာ ၄၅ ဒသမ ၆ ဘီလျံရှိကြောင်း ဖော်ပြထားသည်။
မြိတ်ကုန်သွယ်ရေးစခန်း
Source - Bangkok Post