Main menu

Background

အမေရိကန်နိုင်ငံမှ ဝက်သားတန်ချိန် ၁၂၀ဝ၀ဝ တင်သွင်းမှုအား တရုတ်နိုင်ငံမှ ပယ်ဖျက်

Mon, 05/05/2025 - 14:11 -- journal_editor

အမေရိကန်ဝက်သား တန်ချိန် ၁၂၀ဝ၀ဝ မှာယူ တင်သွင်းမှု အား တရုတ်နိုင်ငံမှ ပယ်ဖျက်လိုက်ကြောင်း ဧပြီလ ၂၅ ရက်နေ့ က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ 
၎င်းသည် ကိုဗစ် (၁၉) ကပ်ရောဂါ စတင်ဖြစ်ပွားပြီးချိန်မှစ၍ အကြီးမားဆုံး ဖျက်သိမ်းမှုတစ်ခုလည်းဖြစ်သည်။ တရုတ်နိုင်ငံ သည် အမေရိကန် ဝက်သားတင်ပို့မှုအတွက် အဓိကဈေးကွက် တစ်ခုဖြစ်ပြီး တရုတ်နိုင်ငံသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဝက် သားတန်ချိန် ၄၇၅၀ဝ၀ နီးပါး တင်သွင်းခဲ့ကာ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ရှိသည်။ 
တရုတ်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် အမေရိကန် လယ်ယာ ထွက်ကုန်များအပေါ် မှီခိုအားထားမှုကို လျှော့ချရန် ကြိုးပမ်းမှုကို ဦးတည်နေပြီး  စီးပွားရေးဆိုင်ရာ ထည့်သွင်းစဉ်းစားမှုများအပြင် ထိုပယ်ဖျက်မှုသည်  သမ္မတ ဒေါ်နယ်ထရန့်လက်ထက် အမေ ရိကန်အစိုးရ၏ မြင့်မားသော အခွန်စည်းကြပ်မှုများကို လက်တုံ့ ပြန်ခြင်းအဖြစ်လည်းရှုမြင်ကြသည်။ ယခင်က သမ္မတ ဒေါ်နယ် ထရန့်သည် တရုတ်သွင်းကုန်များအပေါ် အကောက်ခွန် ၁၄၅ ရာခိုင်နှုန်း ချမှတ်ခဲ့ပြီး တရုတ်နိုင်ငံဘက်မှလည်း အမေရိကန် ပို့ကုန်များအပေါ် အကောက်ခွန် ၁၂၅ ရာခိုင်နှုန်း ပြန်လည်ချမှတ် ရန်လှုံ့ဆော်ခဲ့သည်။ 
ယခုအခါတွင်  အမေရိကန်နိုင်ငံမှ ဝက်သားများသည် တရုတ်ဈေးကွက်သို့ ဝင်ရောက်သောအခါ အကောက်ခွန် ၁၇၅ ရာခိုင်နှုန်းနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး အခြားနိုင်ငံများထက် သိသိ သာသာ ပိုမို‌ဈေးနှုန်းမြင့်မား၍ ပြိုင်ဆိုင်မှုလည်းနည်းပါးစေသည်။ 
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ဝက်သားအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သော်လည်း ပြည်တွင်းဝယ်လိုအားကို ပြည့်မီစေရန်အတွက် ထိုသို့ တင်သွင်းနေရခြင်းဖြစ်သည်။ လက်ရှိ တွင်  တရုတ်နိုင်ငံသည်   စိုက်ပျိုးရေးပစ္စည်းများနှင့် အသား ထောက်ပံ့မှုရရှိစေရန် ဥရောပနှင့် စပိန်နိုင်ငံတို့အပေါ် လွှဲပြောင်း မှီခိုမှုပြုနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
Source : idnfinancials.com

ဟန်ကိုကျော်(DOCA YGN)