မလေးရှားနိုင်ငံအစိုးရအနေဖြင့် ပထဝီနိုင်ငံရေး ပဋိပက္ခများ သက်ရောက်မှုခံရသည့် အဓိက ပို့ကုန်ဈေးကွက် များအပေါ် မှီခိုအားထားနေရခြင်းကို လျှော့ချရန်အတွက် စားအုန်းဆီတင်ပို့မှုဈေးကွက် အသစ်များရှာဖွေရန် ကြိုးပမ်း လုပ်ဆောင်နေသည်ဟု စိုက်ခင်းနှင့် ကုန်စည်များရေးရာ ဝန်ကြီး Mr. Datuk Seri Johari Abdul Ghani က ပြောကြားခဲ့ ကြောင်းThe Star သတင်းဌာနက ဇွန် ၂၂ ရက်တွင် ဖော်ပြ ထားသည်။
အစ္စရေး-အီရန်ပဋိပက္ခနှင့် ရုရှား-ယူကရိန်း ပဋိပက္ခ များက အချို့သော ကုန်သွယ်မှုဇုန်များသို့ ပို့ကုန်တင်ပို့မှုကို အနှောင့်အယှက်ဖြစ်စေကြောင်း၊ လက်ရှိအချိန်တွင် မလေး ရှားသည် စားအုန်းဆီ အပါအဝင် နှစ်စဉ် မလေးရှားရင်းဂစ် ၁၈၆ ဘီလီယံတန်ဖိုးရှိသည့် ပို့ကုန်ပစ္စည်းများကို ကမ္ဘာ့ဈေး ကွက်သို့ တင်ပို့နေသော်လည်း ယခုအခါ လက်နက်ကိုင် ပဋိပက္ခများကြောင့် အဆိုပါဈေးကွက်များ၏ တစ်စိတ်တစ် ဒေသသည် ဘေးအန္တရာယ်မြင့်မားသည့် အခြေအနေရှိသည် ဟု မှတ်ယူနိုင်ကြောင်း၊ သို့ဖြစ်ရာ မလေးရှားနိုင်ငံမှ ထုတ်လုပ် သော စားအုန်းဆီ သို့မဟုတ် ဟင်းချက်ဆီများကို ဝယ်ယူ သုံးစွဲမှုမရှိသေးသည့် ဈေးကွက်နိုင်ငံအသစ်များကို ရှာဖွေ လေ့လာလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် မလေးရှား ၏ ပို့ကုန်အဆင့် တည်ငြိမ်နေစေရေးအတွက် အရေးကြီးပါ ကြောင်းနှင့် လက်ရှိအချိန်တွင် မလေးရှားသည် နိုင်ငံပေါင်း ၈၀ နီးပါးနှင့် ကုန်သွယ်မှုပြုလုပ်နေပြီး ယခုထက်မက ကုန် သွယ်မှုပိုမိုချဲ့ထွင်ရန် အစီအစဉ်ရှိကြောင်းဖြင့် စိုက်ခင်းနှင့် ကုန်စည်များရေးရာဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။
ကမ္ဘာ့စင်မြင့်ပေါ်တွင် အမျိုးသားပို့ကုန်များကဏ္ဍ ကြံ့ကြံ့ခံ ရပ်တည်နိုင်ရေးအတွက် ဆီအုန်းစိုက်ခင်းလုပ်ငန်းရှင် များနှင့် လုပ်ကွက်ငယ် တောင်သူများအနေဖြင့် အစိုးရနှင့် အနီးကပ်ပူးပေါင်း ဆောင်ရွက်ကြရန်လည်း Mr. Johari က တိုက်တွန်းထားကြောင်း မလေးရှား အမျိုးသားသတင်း အေဂျင်စီတစ်ခုဖြစ်သည့် Bernama ာ သတင်းစာ၌ ဖော်ပြထား သည်။
နိုင်ငံတကာအဆင့်တွင် စိန်ခေါ်မှုများကို ဖြေရှင်းရန် အတွက် စိုက်ပျိုးသူများနှင့် လုပ်ငန်းရှင်များသည် အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဥရောပဈေးကွက် သည် စားအုန်းဆီ ဝယ်ယူရာတွင် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့မှုနှင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ သဟဇာတဖြစ်မှု အလေ့အထများကို ပိုမိုအလေးထားလာကြောင်း၊ ၎င်းဈေး ကွက်များသို့ ဝင်ရောက်နိုင်ရန်အတွက် မလေးရှား ဆီအုန်း စိုက်ခင်းများသည် ဥရောပ၏ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီမှုရှိရမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့ခိုင်မြဲရေး စည်းမျဉ်းများကို လိုက်နာပြီး ဇီဝမျိုးကွဲများ ထိန်းသိမ်းမှုရှိ သည်ကို သက်သေပြရမည်ဖြစ်ကြောင်း ဝန်ကြီးJohari က မှတ်ချက်ပြုပြောဆိုခဲ့သည်။
ဝန်ဆောင်မှုကောင်းများ ပေးအပ်ခြင်းနှင့် ဝယ်သူ၏လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းသည် ဝယ်သူအသစ် များကို ရေရှည်ဖောက်သည်များအဖြစ်သို့ ပြောင်းလဲရာတွင် ဦးစားပေး လုပ်ဆောင်ရမည့် အချက်ဖြစ်ပြီး ပေးအပ်သည့် ဝန်ဆောင်မှု ကောင်းမွန်မှသာ မလေးရှားထံမှ စားအုန်းဆီများ ကို ပိုမိုဝယ်ယူရန် တောင်းဆိုနိုင်မည်ဖြစ်သည်ဟု Mr. Johariက ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
Source: The Star, 22nd Jun 2025
D Thi, DOCA