အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် ကုန်းလမ်း၊ လေကြောင်းလမ်းနှင့် ရေကြောင်း တို့မှ ချိတ်ဆက်မှုမြှင့်တင်ခြင်းနှင့် ကုန်သွယ်မှုအတားအဆီးများ လျှော့ချခြင်းအား ဖြင့် နှစ်နိုင်ငံအပြန်အလှန် ကုန်သွယ်မှုကို ၂၀၂၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၅ ဘီလီယံထိ ရောက်ရှိရန် ရည်မှန်းထားကြောင်း သိရသည်။
၂၀၂၄ ခုနှစ်တွင် နှစ်နိုင်ငံကြား အပြန်အလှန် ကုန်သွယ်မှုတန်ဖိုးမှာ အမေ ရိကန်ဒေါ်လာ ၁၇ ဒသမ ၅ ဘီလီယံထိ ရောက်ရှိခဲ့ပြီး ၂၀၂၃ ခုနှစ်ကထက် ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း အိန္ဒိယ-ထိုင်း ကုန်သည်များအသင်းက ထိုင်းနိုင်ငံ ဗန်ကောက်မြို့တွင် ဇွန် ၂၆ ရက်ကကျင်းပခဲ့သည့် Connection & Converse ပွဲ အခမ်းအနားတွင် ထိုင်းကုန်သွယ်ရေးတာဝန်ရှိသူတစ်ဦးဖြစ်သည့်Nalinee Taveesin က ပြောကြားခဲ့သည်။
Ms Nalinee က ထိုင်းနိုင်ငံသည် ၎င်းတို့၏ ထွန်းသစ်စ လုပ်ငန်းများ အထူး သဖြင့် အရှေ့ပိုင်းစီးပွားရေးစင်္ကြန်တိုးမြှင့်ရန်နှင့် ထိုင်းနိုင်ငံ ဆီလီကွန်တောင်ကြား တည်ထောင်ရန်အတွက် အာကာသနည်းပညာ၊ AI နည်းပညာ၊ ဇီဝနည်းပညာ၊ လျှပ်စစ်မော်တော်ယာဉ်များနှင့် ဆော့ဖ်ဝဲတို့တွင် အိန္ဒိယ၏ ကျွမ်းကျင်မှုကို ခြေကုပ် ယူနိုင်ရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။
အိန္ဒိယ-ထိုင်း ကုန်သည်များအသင်း ITCC) တွင် အဖွဲ့ဝင်ကုမ္ပဏီ ၄၀ဝ ခန့် ပါဝင်ပြီး ကျောက်မျက်ရတနာ၊ အဝတ်အထည်၊ ကုန်ထုတ်လုပ်ခြင်းနှင့် ဧည့်ခံရေး လုပ်ငန်းနယ်ပယ်အစရှိသည့် အဓိက ကဏ္ဍများကို လွှမ်းခြုံထားကြောင်း သိရသည်။ITCC သည် နှစ်နိုင်ငံ၏ ပုဂ္ဂလိက ကဏ္ဍများကြား အားကောင်းသောပူးပေါင်း ဆောင်ရွက်မှုအတွက် ယန္တရားတစ်ခုအနေဖြင့် တည်ရှိနေကြောင်း သိရသည်။
Ms Nalineeက အသင်းသည် Public နှင့် Privateကဏ္ဍများကြား ရင်းနှီး မြှုပ်နှံမှုနှင့် စီးပွားရေးလုပ်ငန်းစဉ်များ ချိတ်ဆက်မှု အရှိန်မြှင့်တင်ရာတွင် ပေါင်းကူး တံတားသဖွယ် ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထိုကြိုးပမ်းအားထုတ် မှုသည် ထိုင်း-အိန္ဒိယ ဆက်ဆံရေးအား မဟာဗျူဟာမြောက် မိတ်ဖက်အဖြစ် မြှင့် တင်ရန် ထိုင်းအစိုးရ၏ မျှော်မှန်းချက်နှင့် ချိန်ညှိဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရ သည်။Ms Nalinee သည် ထိုင်းအစိုးရ၏ ပါဝါပျော့မူဝါဒအောက်တွင် အိန္ဒိယ ခရီးသွားဈေးကွက် မြှင့်တင်ရေး ဆပ်ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခြင်းခံခဲ့ရ ကြောင်း သိရသည်။
ထိုင်းနိုင်ငံ ခရီးသွားအာဏာပိုင်အဖွဲ့နှင့် သက်ဆိုင်ရာ အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ ဆပ်ကော်မတီသည် အောက်တိုဘာလတွင် နိုင်ငံ တစ်ဝန်း ကျင်းပမည့် ဒီဝါလီပွဲတော်တွင် Amazing Thailand Grand Diwali Festival 2025 ကို ကျင်းပရန်အတွက် ပြင်ဆင်နေကြောင်း သိရသည်။
ဗန်ကောက်ရှိ အိန္ဒိယသံရုံး၏ ပံ့ပိုးမှုဖြင့် ကျင်းပမည့်ပွဲတော်သည် အိန္ဒိယ ကမ္ဘာလှည့် ခရီးသွားများနှင့် ကမ္ဘာတစ်ဝန်းရှိ ပွဲတော်လည်ပတ်သူများကို ဆွဲဆောင် ရန် ရည်ရွယ်ကြောင်း သိရသည်။Ms Nalinee က အိန္ဒိယယဉ်ကျေးမှုဖြင့် ပွဲတော် ကျင်းပခြင်းအပြင် ၎င်းတို့သည် နိုင်ငံတစ်ဝန်းစီးပွားရေးကြီးထွားမှု လှုံ့ဆော်ရန် အတွက် ထိုင်းထုတ်ကုန်များ၊ ဝန်ဆောင်မှုများနှင့် ခရီးသွားလုပ်ငန်း လည်ပတ်ရာ နေရာများကို ပြသသွားမည်ဟု ပြောကြားခဲ့သည်။
Bangkok Post၊
မြသူDOCA(ရန်ကုန်)