Main menu

Background

ထိုင်းနိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဦးဆောင်သည့် အခွန်အကောက်ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ အမေရိကန်နိုင်ငံသို့ သွားရောက်မည်

Tue, 07/08/2025 - 10:43 -- journal_editor

ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira ဦးဆောင်သည့် ထိုင်းနိုင်ငံ၏ အခွန်အကောက်ဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့သည် ကုန် သွယ်မှုဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်ရန်  ဇူလိုင်လ ပထမပတ်အတွင်း အမေရိကန်နိုင်ငံသို့  သွားရောက်ရန် စီစဉ်ထားသည်ဟု ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။ အဖွဲ့၁၀ ဦးအထိပါဝင်သည့် အဆိုပါအဖွဲ့တွင်  ကူးသန်းရောင်းဝယ်ရေး အမြဲတမ်းအတွင်းဝန် Vuttikrai Leewiraphan  ပါဝင်မည်ဖြစ်သည့်အပြင် အမေရိကန်နှင့် ကုန်သွယ်ရေးဆွေးနွေးရာတွင် အရေးပါသည့်သူများလည်း ပါဝင် မည်ဖြစ်သည်။ 
ထိုင်းနိုင်ငံအနေဖြင့် အဆိုပါခရီးစဉ်တွင်အခြားခေါင်းစဉ်များ ကို ဆွေးနွေးခြင်းမပြုဘဲ အခွန်အကောက်ဆိုင်ရာကိစ္စကို အမေရိကန် မှ ပြန်လည်သုံးသပ်နိုင်ရေးအတွက် ပြီးပြည့်စုံသည့် အချက်အလက် များနှင့်  ရှုထောင့်အမျိုးမျိုး တိုင်းတာမှုအမျိုးမျိုးတို့ဖြင့် ဆွေးနွေး နိုင်ရေး ပြင်ဆင်စီမံထားပြီး ဖြစ်သဖြင့် ရလဒ်ကောင်းတစ်ရပ် ရရှိမည် ဟု မျှော်လင့်ထားကြောင်း သိရသည်။ ဘဏ္ဍာရေးဝန်ကြီး Pichai Chunhavajira  သည် အမေရိကန်နှင့် အကောက်ခွန်ဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲသို့ ပထမဆုံးအကြိမ် တက်ရောက်မည်ဖြစ်ကြောင်း သိရ သည်။
ကူးသန်းရောင်းဝယ်ရေး အမြဲတမ်းအတွင်းဝန် Mr Vuttikrai သည် ဇွန်လအစောပိုင်းတွင် အမေရိကန်ကုန်သွယ်ရေး ကိုယ်စား လှယ်များနှင့် virtual  တွေ့ဆုံမှုတစ်ခု ပြုလုပ်ခဲ့ပြီး အမေရိကန်မှ              တင်သွင်းမှု တိုးမြှင့်ခြင်းအပါအဝင် အဓိကကဏ္ဍ ငါးခုကို အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြောင်း သိရသည်။ သွင်းကုန်များအပေါ် အခွန် နှင့် အခွန်ကင်းလွတ်မှုဆိုင်ရာ အစီအမံများကို ဖြေလျှော့ပေးမည်ဟု ထိုင်းနိုင်ငံအနေဖြင့် မျှော်လင့်နေသည်။ အမေရိကန်နှင့် ထိုင်းနိုင်ငံ တို့သည် အိမ်မွေးတိရစ္ဆာန် အစားအစာ ထုတ်လုပ်ခြင်း ကဲ့သို့သော နှစ်ဦးနှစ်ဖက် အကျိုးရှိစေမည့် လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက် မှု အားကောင်းစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။
ထို့အပြင်   ထိုင်းနိုင်ငံသည်  တတိယနိုင်ငံများ၏Made in Thailand တံဆိပ်ကို အလွဲသုံးစား ပြုလုပ်ခြင်းမှ ကာကွယ်ရန်အတွက် ၎င်း၏ ပို့ကုန်ထုတ်ကုန်များကို ကုန်အမှတ်တံဆိပ် အညွှန်းကို ပွင့် လင်းမြင်သာမှုရှိအောင် ပိုမိုဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုင်း နိုင်ငံအစိုးရက ထိုင်းစီးပွားရေးလုပ်ငန်းများကို အမေရိကန်၌ ရင်းနှီး မြှုပ်နှံမှုများ ပြုလုပ်ရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်သည်။
ထိုင်းနိုင်ငံသည် ၎င်း၏ ကနဦး  ကုန်သွယ်မှုအဆိုပြုချက်ကို အမေရိကန်နိုင်ငံသို့ ဇွန် ၂၀ ရက်က တင်သွင်းခဲ့ပြီး အနာဂတ်တွင် ပိုမိုအသေးစိတ်သည့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် စီစဉ်သင့်သည် ဟု Mr Vuttikrai က ပြောကြားခဲ့သည်။ ကုန်သွယ်ရေးဝန်ကြီး Pichai Naripthaphan  က အစောပိုင်းတွင် အမေရိကန်နှင့် အပြန်အလှန် အကောက်ခွန်ဆိုင်ရာ   ဆွေးနွေးမှုများသည် တိုးတက်မှုရရှိခဲ့ပြီး နှစ်ဖက်စလုံးမှ သွင်းကုန်ခွန် ၁၀ရာခိုင်နှုန်းအထိ လျှော့ချရန် ၎င်း အနေဖြင့် မျှော်လင့်ထားကြောင်း သိရှိရသည်။
မြိတ်ကုန်သွယ်ရေးစခန်း

Source : Bangkok Post