ကမ္ဘောဒီးယား၏ ဒေသတွင်း ဘက်စုံစီးပွားရေး မိတ်ဖက် ဆက်ဆံရေး RCEP) အဖွဲ့ဝင်နိုင်ငံများနှင့် ကုန်သွယ်မှုသည် ၂၀၂၅ ခုနှစ် ပထမနှစ် ဝက်တွင် ကန်ဒေါ်လာ ၁၉ဒသမ၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလထက် ဒေါ်လာ ၁၆ ဒသမ၅ ဘီလီယံမှ ၁၆ ဒသမ ၉ ရာခိုင်နှုန်း တိုးလာကြောင်း ဇူလိုင် ၁၆ ရက်တွင် ထုတ်ပြန်သည့် တရားဝင် အစီရင်ခံစာ အရသိရသည်။
RCEP အဖွဲ့ဝင်နိုင်ငံများသို့ မြန်မာနိုင်ငံ၏ ပို့ကုန်သည် ယခုနှစ် ဇန်န ဝါရီလမှ ဇွန်လအတွင်း စုစုပေါင်းကန်ဒေါ်လာ ၅ ဒသမ ဝ၃ ဘီလီယံရှိပြီး ၂၀၂၄ ခုနှစ်အလားတူကာလထက် ကန်ဒေါ်လာ ၄ ဒသမ ၅၂ ဘီလီယံမှ ၁၁ ရာခိုင်နှုန်း တိုးလာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ပြုစုထားသော အစီရင်ခံစာအရ သိရသည်။ တစ်ချိန်တည်းတွင်RCEP အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံတော်သို့ သွင်းကုန်ပမာဏသည် ကန် ဒေါ်လာ ၁၄ ဒသမ ၆၇ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ကန်ဒေါ်လာ ၁၂ ဒသမ ၃၈ ဘီလီယံမှ ၁၈ ဒသမ ၅ ရာခိုင်နှုန်းတိုးလာကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
Source: Khmer Times, Lynn (DOCA YGN)