ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အာလူး တင်ပို့မှုသည် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်းတွင် သုံးနှစ်ဆက်တိုက် မြင့် တက်ခဲ့ကြောင်းနှင့် ကုန်သည်များက ပြည်တွင်းဈေး ကမောက်ကမ ဖြစ်မှုကို အခွင့်ကောင်းယူ၍ နိုင်ငံခြားသို့ တင်ပို့ မှုကို မြှင့်တင်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။
ယခုနှစ်အတွင်း အာလူးတန်ချိန် ၆၂၁၃၅ တန်ခန့် နိုင်ငံခြားသို့ တင်ပို့ခဲ့ ကြောင်းနှင့် ယခုနှစ် တင်ပို့မှုသည် အမြင့်ဆုံးဖြစ်ကြောင်း စိုက်ပျိုးရေး တိုးချဲ့မှုဌာန DAE ၏ ဖော်ပြချက်အရ သိရသည်။ တင်ပို့သူများက ယခင်ရာသီ တွင် အာလူးတစ်ကီလိုလျှင် တာကာ ၇ မှ တာကာ ၂၀ ဖြင့် တင်ပို့နိုင်ခဲ့ပြီး ယခင် နှစ်ရာသီတွင် တင်ပို့သော တစ်ကီလို တာကာ ၃၀ ဈေးထက် လျော့နည်း ကြောင်း သိရသည်။
ပွဲစားများသည် အာလူးစိုက်ပျိုး သူများအား ီဗန မှ သတ်မှတ်ထား သော ရည်ညွှန်းဈေး တစ်ကီလို ၁၄ တာကာထက်လျော့နည်း၍ တစ်ကီလို တာကာ ၁၁ ဈေးဖြင့်သာ ဝယ်ယူလျက်ရှိ သည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြောက် ပိုင်းဒေသများတွင် စိုက်ပျိုးရေးစရိတ် များသည် မြင့်တက်လျက်ရှိပြီး ထုတ် ကုန်စရိတ်များသည် တစ်ကီလိုလျှင် တာ ကာ ၂၀ ထိ မြင့်တက်လျက်ရှိ ကြောင်း သိရသည်။
အာလူးမျိုးစေ့များကို အောက် တိုဘာလနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလနှင့် ဧပြီလ များတွင်ရိပ်သိမ်းလေ့ရှိသည်။ ဘင်္ဂလား ဒေ့ရှ်နိုင်ငံမှ အာလူးတင်ပို့မှုများကို ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ပြီး အစပိုင်း တွင် ပမာဏ အလွန်နည်းပါးကြောင်း အစားအသောက်နှင့် စိုက်ပျိုးရေး အဖွဲ့ အစည်း FAQ ၏ အဆိုအရ သိရသည်။ လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မလေးရှား၊ စင်ကာပူ၊ နီပေါ၊ သီရိလင်္ကာ နှင့် ဘာရိန်းနိုင်ငံများသို့ အာလူးများ တင်ပို့လျက်ရှိကြောင်း သိရသည်။
The daily star
ညီမင်းထက် DOCA (ရန်ကုန်)