Main menu

Background

ဥရောပသို့ စားအုန်းဆီ ပိုမိုတင်ပို့နိုင်ရန် အင်ဒိုနီးရှား မျှော်မှန်း

Thu, 08/07/2025 - 10:01 -- journal_editor

အင်ဒိုနီးရှား - ဥရောပသမဂ္ဂ ဘက်စုံစီးပွား ရေးမိတ်ဖက် ဆောင်ရွက်မှု သဘောတူညီချက် IEU-CEPA) ကို လက်မှတ်ရေးထိုးနိုင်ရေး စေ့စပ် ညှိနှိုင်းမှုများ၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိ လာချိန်တွင် ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်ကာလ အတွင်း ဥရောပသမဂ္ဂသို့ စားအုန်းဆီတင်ပို့မှု တိုး တက်လာမည်ဟု ခန့်မှန်းထားကြောင်း အင်ဒိုနီး ရှား   ဘဏ္ဍာ‌ရေးဝန်ကြီးဌာနရှိ   စီးပွားရေးနှင့် ဘဏ္ဍာရေး မဟာဗျူဟာ မူဝါဒရေးရာဌာန ညွှန် ကြားရေးမှူးချုပ် Febrio Kacaribu က ပြောကြား ခဲ့သည်။ 
ဥရောပဈေးကွက်သို့ စားအုန်းဆီထုတ်ကုန် များ တင်ပို့ရောင်းချမှုသည် အဆိုပါIEU-CEPA သဘောတူညီချက်တွင် အစိတ်အပိုင်း  တစ်ရပ် အဖြစ် ပါဝင်ကြောင်း၊ စားအုန်းဆီကဏ္ဍနှင့်  စပ် လျဉ်း၍ သဘောတူညီချက်  ရရှိပြီးဖြစ်ကြောင်း၊ သို့ဖြစ်ရာ အင်ဒို နီးရှားအနေဖြင့် ယင်းဈေးကွက်သို့ စားအုန်းဆီ ပိုမိုတင်ပို့လာနိုင်မည်ဖြစ်ကြောင်း၊ စားအုန်းဆီသည် အဓိက မောင်းနှင်တွန်းအားပေး မည့် အရင်းအမြစ်တစ်ခုဖြစ်လာမည်ဟု ယုံကြည် ကြောင်း၊ ၎င်းသဘောတူညီချက်သည် ဥရောပ သမဂ္ဂမှ အင်ဒိုနီးရှားသို့  ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှုများ စီးဝင်မှုတို့ကိုလည်း တိုးတက်လာစေ မည်ဖြစ်ကြောင်းဖြင့် Mr. Febrio  က ဇူလိုင် ၂၂ ရက်က ပြောဆိုခဲ့ခြင်းဖြစ်သည်။
ဥရောပသမဂ္ဂနှင့် အင်ဒိုနီးရှားနိုင်ငံတို့ အကြား ၁၀ နှစ်ကြာမျှ စေ့စပ်ညှိနှိုင်းမှုများ လုပ် ဆောင်ခဲ့ပြီးနောက် သဘောတူညီချက်ကို ချမှတ် နိုင်ခဲ့ခြင်းဖြစ်သည်။IEU-CEPA  လက်မှတ်ရေးထိုး မှုနှင့် အမေရိကန်နိုင်ငံ၏ အကောက်ခွန်နှုန်းထား လျှော့ချပေးရန်  ဆုံးဖြတ်မှုတို့က အင်ဒိုနီးရှား၏ ပြည်တွင်းထုတ်ကုန်များ ပြည်ပသို့ တင်ပို့ရန် အတွက် အခွင့်အလမ်းများကို ဖွင့်လှစ်ပေးခဲ့သည် ဟု ဆိုနိုင်သည်။
အင်ဒိုနီးရှား စီးပွားရေးရာပေါင်းစပ်ညှိနှိုင်း မှုဝန်ကြီး Airlangga Hartarto  ကIEU-CEPA သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရန် ဆွေး နွေးမှုမှာ စေ့စပ်ညှိနှိုင်းမှုပေါင်း (၁၉) ကြိမ်ကျော် လုပ်ဆောင်ခဲ့မှုနှင့်အတူ ၁၀ နှစ်ကြာကာလအတွင်း သို့ ဝင်ရောက်ခဲ့ပြီဖြစ်ကြောင်း၊ အရေးကြီးသည့် အကြောင်းကိစ္စရပ်များ အားလုံးကို  ညှိနှိုင်းဖြေရှင်း နိုင်လိမ့်မည်ဖြစ်ပြီး သမိုင်းမှတ်တိုင်သစ် တစ်ရပ် ကို စိုက်ထူနိုင်ရန် သေချာကြောင်းဖြင့် ဘရပ်ဆဲလ် မြို့သို့  ရောက်ရှိနေစဉ် ဇူလိုင် ၁၂ ရက်က ပြော ကြားထားခဲ့သည်။ 
ယခုIEU-CEPA  သဘောတူညီချက်သည် အင်ဒိုနီးရှားမှ ဥရောပသမဂ္ဂသို့ တင်ပို့လျက်ရှိသော ပို့ကုန်များ၏ ၈၀ ရာခိုင်နှုန်းခန့်ကို အခွန်သက်သာ ကင်းလွတ်ခွင့်ရရှိစေမည်ဖြစ်ပြီး သဘောတူညီချက်  အား နှစ်ဖက်အတည်ပြုပြီးသည့်နောက် တစ်နှစ်မှ နှစ် နှစ်ကာလအတွင်း သွင်းကုန်အခွန် လျှော့ချမှု ၏ သက်ရောက်မှုကို ရရှိခံစားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။
Source: TEMPO.CO, July 22, 2025

 UNAL, DOCA