Main menu

Background

ဖိလစ်ပိုင်နိုင်ငံက ကမ္ဘာ့တတိယအများဆုံး ငှက်ပျောသီးတင်ပို့သည့် နိုင်ငံအဖြစ် ဆက်လက်ရပ်တည်

Thu, 08/07/2025 - 10:03 -- journal_editor

ပနားမား အပင်ရောဂါပိုးမွှား (Panama Disease)  ပျံ့နှံ့ဖြစ် ပွားခဲ့သည့်ကြားမှ ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့တတိယအများဆုံး ငှက်ပျောသီး တင်ပို့သည့်နိုင်ငံအဖြစ် ဆက်လက်ရပ်တည်လျက်ရှိပါ ကြောင်း နိုင်ငံတကာအစီရင်ခံစာများအရ သိရှိရသည်။ ၂၀၂၄ ခုနှစ်အတွင်  ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီး တင်ပို့မှုသည် မက် ထရစ်တန်ချိန် ၂ဒသမ၃ သန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က တန်ချိန် ၂ ဒသမ ၃၅ သန်းဖြစ်သည့်အတွက် နှိုင်းယှဉ်မည်ဆိုလျှင် ကျဆင်းခဲ့ပါ ကြောင်း၊ ထို့အတွက် ကမ္ဘာ့အဆင့် သတ်မှတ်ချက် တတိယနေရာ တွင် နှစ်နှစ်ဆက်တိုက် ဆက်လက်တည်ရှိနေခြင်းဖြစ်သည်။ 
Food and Agriculture Organization of the United Nations (FAO) မှ ဇန်နဝါရီလက ထုတ်ပြန်သည့် မပြင်ဆင်ရသေး သည့် အစီရင်ခံစာတွင် မူလက ကိုလံဘီယာနိုင်ငံသည် ငှက်ပျော သီး မက်ထရစ်တန်ချိန် ၂ ဒသမ၂၈၇ သန်းတင်ပို့ခဲ့ပြီး ကမ္ဘာ့အဆင့် တတိယနေရာတွင် ရှိခဲ့သည်။ အီကွေဒေါနိုင်ငံသည် ၂၀၂၄ ခုနှစ် အတွင်း ငှက်ပျောသီးတန်ချိန်ခြောက်သန်းတင်ပို့ခဲ့ပြီး ပထမအဆင့် နေရာတွင်ရှိကြောင်း၊ ကော်စတာရီကာနိုင်ငံသည့် တန်ချိန် ၂ ဒသမ ၄ သန်းတင်ပို့ခဲ့ပြီး ဒုတိယအဆင့်တွင် ရပ်တည်လျက်ရှိ ကြောင်းဖော်ပြပါရှိသည်။ ဂွာတီမာလာနိုင်ငံမှ တန်ချိန် ၂ ဒသမ၂ သန်း တင်ပို့ခဲ့ပြီး ကိုလံဘီယာနိုင်ငံ၏ နောက်တွင် ရပ်တည်လျက်ရှိ သည်။ 
FAO  အစီရင်ခံစာပါဖော်ပြချက်အရBanana Fusarium Wilt Tropical Race 4 (TR4)  ရောဂါ ပိုးမွှားသည် ဆက်လက်ပြန့်ပွား လျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ၏ ငှက်ပျောသီးအထွက်နှုန်းကို ထိခိုက် စေနိုင်ကြောင်း၊ ထို့အတွက် ဖိလစ်ပိုင်နိုင်ငံအပါအဝင် အာရှနိုင်ငံ များရှိ ငှက်ပျောသီး တင်ပို့ရောင်းချသူများကိုလည်း ထိခိုက်မှုများ ရှိနိုင်ကြောင်း ဖော်ပြပါရှိသည်။ ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ ငှက်ပျော သီး အဓိကစိုက်ပျိုးသည့် ဒေသများဖြစ်သည့် မင်ဒါနာအိုဒေသရှိ ငှက်ပျောစိုက်ပျိုးမြေဧရိယာ ၈၉၀ဝ၀ ဟက်တာ၏ ၄၀ ရာခိုင်နှုန်း သည် အဆိုပါ ရောဂါပိုးမွှား၏ သက်ရောက်မှုများ ရှိနေနိုင်သေး ကြောင်း ဖော်ပြထားသည်။ 
ထို့အတူ အာရှဈေးကွက်များဖြစ်သော တရုတ်နှင့် ဂျပန်တို့ သည်လည်း ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီး ဝယ်ယူတင်သွင်း မှုကို လျှော့ချသွားနိုင်ခြေရှိကြောင်း FAO မှ ခန့်မှန်းတွက်ချက်ထား သည်။ ကိန်းဂဏန်း၊ အချက်အလက်များအရ တရုတ်နိုင်ငံ၏ ဖိလစ် ပိုင်နိုင်ငံမှ  ငှက်ပျောသီးတင်သွင်းမှုသည် ၂၀၂၄ ခုနှစ် တွင် ၃၂ ရာခိုင်နှုန်းထိ ကျဆင်းခဲ့သည်။ 
တရုတ်နိုင်ငံ၏ ပြည်တွင်း ငှက်ပျောသီး စိုက်ပျိုးထွက်ရှိမှု မြင့်မားလာခြင်း၊ ပထဝီနိုင်ငံရေးတင်းမာ မှုများကြောင့် တရုတ်ဈေး ကွက်၏ ဖိလစ်ပိုင်နိုင်ငံမှ  ငှက်ပျောသီးတင်သွင်းမှုအပေါ် စိတ်ပါ ဝင်စားမှု လျော့ကျလာခြင်းတို့ကြောင့်ဖြစ်သည်။ 
အလားတူ ဂျပန်နိုင်ငံသည်လည်း ဖိလစ်ပိုင်နိုင်ငံမှငှက်ပျော သီးတင်သွင်းမှုသည် ၄ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ကမ္ဘောဒီးယား၊ အီကွေဒေါနှင့်   ဗီယက်နမ်နိုင်ငံတို့မှ   ပိုမိုတင်သွင်းခဲ့ခြင်းတို့ ကြောင့် ဖြစ်သည်။ 

 ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့