အမေရိကန်နိုင်ငံထံမှ မျိုးဗီဇပြုပြင်ထားသော ပြောင်း များကို တင်သွင်းခွင့်ပြုရန် ဆုံးဖြတ်ခဲ့ခြင်းသည် ပြည်တွင်း ဈေးနှုန်းများ တစ်ဟုန်ထိုး ကျဆင်းမှုကို ဖြစ်စေနိုင်သဖြင့် အစိုးရအနေဖြင့် နစ်နာကြေးများ ထောက်ပံ့ပေးအပ်ရန် ထိုင်း နိုင်ငံPhetchabun ပြည်နယ်ရှိ ရာနှင့်ချီသော ပြောင်းစိုက် တောင်သူများက သြဂုတ် ၁၅ ရက်တွင် တောင်းဆိုခဲ့ကြကြောင်း သိရသည်။ အမေရိကန်မှ မျိုးဗီဇပြုပြင်ထားသော ပြောင်းတန်ချိန် ၃ သန်းကို တင်သွင်းခွင့်ပြုရန် အစိုးရက သဘောတူညီခဲ့ပြီး နောက် ပြည်တွင်းရှိ တိရစ္ဆာန်မွေးမြူရေး အစာစပ်စက်ရုံများ သည် ထိုင်းပြောင်းများကို ဝယ်ယူရန်ငြင်းဆိုခြင်း သို့မဟုတ် ဈေးနှုန်းနှိမ့်ချ၍ ဝယ်ယူခြင်းတို့ကို လုပ်ဆောင်လာကြသဖြင့် တောင်သူလယ်သမားများ၏ လူနေမှုဘဝအပေါ် ဆိုးကျိုး ကြီးမားစွာ သက်ရောက်လျက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ် သူများနှင့် ဆွေးနွေးတိုင်ပင်မှုမရှိဘဲ ချမှတ်ခဲ့သော အဆိုပါ မူဝါဒသည် လယ်သမား မိသားစုဝင် ၄၅၀ဝ၀ဝ ကျော်အပေါ် ထိခိုက်မှုရှိကြောင်း၊ ထိုင်း မွေးမြူရေးအစာစပ်စက်ရုံ အသင်း သည် အစိုဓာတ် ၁၄ ဒသမ ၅ ရာခိုင်နှုန်းရှိသော အစေ့ထုတ် ပြောင်း တစ်ကီလိုဂရမ်လျှင် ဘတ်ငွေ ၉ ဒသမ ၈၀ နှုန်းဖြင့် ဝယ်ယူမည်ဟု ယခင်က ကတိပြုထားခဲ့ကြောင်း၊ သို့သော် ယခုအခါ စက်ရုံများသည် တစ်ကီလိုဂရမ်လျှင် ၉ဘတ်အောက် နိမ့်ကျသော နှုန်းဖြင့်သာ ပေးချေလျက်ရှိပြီး ဒေသထွက်ပြောင်း များ နေ့စဉ်ဝယ်ယူမည့် ပမာဏကို ခွဲတမ်း သတ်မှတ်ချက်များ ချမှတ်လုပ်ဆောင်လာကြကြောင်း စသည်ဖြင့် အဆိုပါပြောင်း စိုက် တောင်သူများက ပြောဆိုခဲ့ကြသည်။ အမေရိကန်ပြောင်းများ တင်သွင်းမှုကို ချိန်ညှိဆောင် ရွက်နိုင်ရန် လုံလောက်သော အချိန်ကာလအဖြစ် သုံးနှစ်တာ ကာလအထိ အစိုဓာတ် ၃၀ ရာခိုင်နှုန်းရှိသော ပြောင်း တစ် ကီလိုဂရမ်လျှင် ၇ ဒသမ ၅၀ ဘတ်နှုန်းဖြင့် ပြောင်းစိုက်ပျိုးမှု မှတ်ပုံတင်ထားသည့် ဧရိယာအပေါ် အခြေခံလျက် အစိုးရမှ နစ်နာကြေး ထောက်ပံ့ပေးအပ်သွားရန် ပြောင်းစိုက်တောင်သူ များက တောင်းဆို ထားသည်ဟုThe Nation သတင်းဌာနက ဖော်ပြထားသည်။
Source: The Nation Thailand, August 18, 2025
UNAL, DOCA