Main menu

Background

အိန္ဒိယနိုင်ငံမှ အမေရိကန်နိုင်ငံသို့ စမတ်ဖုန်းများ တင်သွင်းမှု ကျဆင်းလာ

Tue, 10/14/2025 - 15:01 -- journal_editor

အိန္ဒိယနိုင်ငံ၏ အကြီးဆုံး စမတ်ဖုန်းတင်ပို့သည့် ဈေး ကွက်ဖြစ်သည့် အမေရိကန်နိုင်ငံသို့ စမတ်ဖုန်းတင်ပို့မှုသည် မေလက တင်ပို့ခဲ့သော အမေရိကန်ဒေါ်လာ ၂ ဒသမ၂၉ ဘီလီယံမှ သြဂုတ်လတွင် အမေရိကန်ဒေါ်လာ ၉၆၄ ဒသမ၈ သန်းသို့ ၅၈ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ျွွှှု ၏ စက် တင်ဘာ ၂၂ ရက် အချက်အလက်များအရသိရသည်။ 
ထိုသို့ ကျဆင်းမှု အကြောင်းရင်းမှန်ကို မသိရသေး သော်လည်း စုံစမ်းစစ်ဆေးရန် ကြိုးပမ်းလျက်ရှိကြောင်းThe Global Trade Research Initiative  မှ ပြောကြားခဲ့သည်။ ဇွန် လတွင် စမတ်ဖုန်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရှိပြီး ဇူလိုင်လတွင် အမေရိကန်ဒေါ်လာ ၁ဒသမ၅၂ ဘီလီယံ ထိရှိကြောင်း သိရသည်။
၂၀၂၅ ဘဏ္ဍာနှစ်တွင် အမေရိကန်နိုင်ငံသည် သွင်း ကုန် ဒေါ်လာ ၁၀ ဒသမ ၆ ဘီလီယံတန်ဖိုးရှိသော စမတ်ဖုန်း များ (အိန္ဒိယနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာတင်ပို့မှု၏ ၄၄ ရာခိုင် နှုန်း)ကို အိန္ဒိယနိုင်ငံမှ တင်သွင်းခဲ့ပြီး အိန္ဒိယ၏ ထိပ်တန်း စမတ်ဖုန်းတင်ပို့သည့် ဈေးကွက်အဖြစ်တည်ရှိပြီး  ၎င်း၏နောက်တွင် န့ မှ ဒေါ်လာ ၇ ဒသမ ၁ ဘီလီယံ တန်ဖိုးရှိ‌‌‌သော စမတ်ဖုန်းများ (အိန္ဒိယနိုင်ငံ တစ်ကမ္ဘာလုံးဆိုင်ရာ တင်ပို့မှု၏ ၂၉ဒသမ၅ ရာခိုင်နှုန်း)ကို တင်သွင်းခဲ့ပြီး အိန္ဒိယနိုင်ငံ၏ ဒုတိယအများဆုံး စမတ်ဖုန်းတင်သွင်းသည့် ဈေးကွက်အဖြစ် ရပ်တည်လျက်ရှိသည်။ စမတ်ဖုန်းများအပြင် အမေရိကန်၏ မြင့်မားသော အကောက်ခွန်များနှင့် ရင်ဆိုင်နေရသော ကုန် ပစ္စည်းများသည်လည်း တင်ပို့မှုစံချိန်တင်ကျဆင်းခဲ့ကြောင်း၊ စိုးရိမ်ဖွယ်ရာအချက်မှာ စမတ်ဖုန်းနှင့် ဆေးဝါးကဲ့သို့သော အကောက်ခွန်မဲ့ကုန်ပစ္စည်းများ တင်ပို့မှု ကျဆင်းလာခြင်း ကြောင့်ဖြစ်ကြောင်း၊  ထိုကျဆင်းမှုများက အိန္ဒိယနိုင်ငံ၏ Product Link Incentive (PLI)) အောင်မြင်မှုကို လမ်းလွဲစေရန် ခြိမ်းခြောက်လျက်ရှိကြောင်းGTRI  တည်ထောင်သူ Ajay Srivastava  က ပြောကြားခဲ့သည်။
Source : economic times

DOCA (ရန်ကုန်)၊ ဟန်ကိုကျော်