Main menu

Background

ဘာစမာတီမဟုတ်သောဆန်တင်ပို့မှု မဖြစ်မနေ မှတ်ပုံတင်ရန် အိန္ဒိယအစိုးရ အမိန့်ထုတ်ပြန်

Tue, 10/14/2025 - 15:03 -- journal_editor

ဘာစမာတီမဟုတ်သောဆန်များကို ပြည်ပသို့ တင်ပို့ရာတွင် အကောက်ခွန် ဌာနထံမှ ခွင့်ပြုချက်မရယူမီ ဆန်တင်ပို့မှု အရောင်းအဝယ်စာချုပ်များကို လယ်ယာ ထွက်ကုန်နှင့် ပြုပြင်ပြီး စားသောက်ကုန်များ တင်ပို့မှု ဖွံ့ဖြိုးတိုးတက်ရေးအာဏာပိုင် အဖွဲ့ (APEDA) ထံ၌ မဖြစ်မနေ မှတ်ပုံတင်ဆောင်ရွက်ရန် အိန္ဒိယအစိုးရက အမိန့် ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။
စက်တင်ဘာ ၂၄ ရက်တွင် အိန္ဒိယ ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ခဲ့သော အမိန့်ကြော်ငြာစာအမှတ် ၃၃/၂၀၂၅-၂၆ တွင် ဘာစမာတီ မဟုတ်သော ဆန်များ ပြည်ပသို့ တင်ပို့မှုနှင့် စပ်လျဉ်း၍ မူဝါဒအသစ် ထပ်တိုးလျက် ပြင်ဆင်ခြင်းဖြစ်ပြီး APEDA အာဏာပိုင်ထံ၌ စာချုပ်များ မှတ်ပုံတင်ခြင်းကို ဆောင် ရွက်ပြီးမှသာ တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း၊ ယခုအမိန့်သည် လက်ငင်းအာဏာ သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။
အိန္ဒိယအစိုးရသည် ပြည်တွင်း၌ ရောင်းလိုအား တည်ငြိမ်မှုရှိစေရေးအတွက် ဘာစမာတီ မဟုတ်သောဆန်ဖြူ တင်ပို့မှုကို ၂၀၂၃ ခုနှစ် ဇူလိုင်လမှစတင်၍ ပိတ် ပင်တားမြစ်ထားရာမှ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် ပြန်လည်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

Source: Informist Media, 24 Sept 2025
 UNAL, DOCA