Main menu

Background

မက္ကဆီကိုက အချိုရည်များအပေါ် အခွန်တိုးမြှင့် ကောက်ခံသွားမည်

Mon, 12/01/2025 - 14:08 -- journal_editor

မက္ကဆီကိုအစိုးရသည် စားသုံးမှုလျှော့ချရန်နှင့် အဝ လွန်ခြင်းကို တိုက်ဖျက်ရန် ကြိုးပမ်းမှုတစ်စိတ် တစ်ပိုင်းအနေ ဖြင့် သကြားပါသော အချိုရည်များအပေါ် အခွန်တိုးကောက် ရန် တွန်းအားပေးလျက်ရှိသည်။ မက္ကဆီကို ကျန်းမာရေးအာ ဏာပိုင်များ၏အဆိုအရ နိုင်ငံသည် လူတစ်ဦးလျှင် သကြား ပါသော အချိုရည် ဂါလန် ၄၄ ဂါလန် နှစ်စဉ် ပျမ်းမျှ သောက် သုံးမှု မှတ်တမ်းရှိပြီး ၎င်းသည် ကမ္ဘာ့အမြင့်ဆုံးနှုန်းထားများ ထဲမှ တစ်ခုဖြစ်ပြီး အရွယ်ရောက်ပြီးသူ ၃၈ဒသမ ၉ ရာခိုင်နှုန်း သည် အဝလွန်သူများအဖြစ် သတ်မှတ်ထားသည်။ 
မကြာသေးမီက အောက်လွှတ်တော်မှ အတည်ပြုခဲ့ သော အစိုးရအဆိုပြုချက်တွင် သကြားပါသော အချိုရည်များ အတွက် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများဆိုင်ရာ အထူးအခွန် နှုန်းထားကို  တစ်လီတာလျှင် ၂၁ ဆင့်ခန့် တိုးပေးခဲ့သည်။ ဆီးချိုရောဂါ၊  အဝလွန်ခြင်းနှင့်   နှလုံးသွေးကြောဆိုင်ရာ ရောဂါများကို တိုက်ဖျက်ရန် ရည်ရွယ်သည့် ပြည်သူ့ကျန်းမာ ရေး အစီအစဉ်များသို့ အပိုဝင်ငွေ ရရှိမည်ဖြစ်ကြောင်း၊ ရည် ရွယ်ချက်မှာ ငွေရှာရန်မဟုတ်ဘဲ စားသုံးမှုကို လျှော့ချရန်ဖြစ် ကြောင်းSheinbaumကဆိုသည်။ 
မက္ကဆီကိုသည် သကြားပါသော အချိုရည်များကို တစ် လီတာလျှင် ၅ ဒသမ ၅ ဆင့် အထူးအခွန်စည်းကြပ်ထားစဉ် ၂၀၁၄ ခုနှစ် ကတည်းက ကောက်ခံရရှိသော ရန်ပုံငွေများထဲသို့ ထပ်လောင်းထည့်ဝင်မည့်   ဝင်ငွေ   ဒေါ်လာ ၂ ဒသမ၂၅ ဘီလီယံကျော်ကို ဘဏ္ဍာရေးဝန်ကြီးဌာနက စီမံ ဆောင်ရွက် လျက်ရှိသည်။ ဤကျန်းမာရေးအခွန်အတွက် အတည်ပြုမှု လုပ်ငန်းစဉ်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် မက္ကဆီကိုအစိုးရ သည် ထုတ်ကုန်ပြုပြင်ပြောင်းလဲမှုနှင့် ဈေးကွက်ရှာဖွေရေး ဆိုင်ရာ  တာဝန်ယူမှုဆိုင်ရာ ကတိကဝတ်များပါဝင်သော အချိုရည်လုပ်ငန်း နှင့် သဘောတူညီချက်တစ်ရပ်ကို ရရှိခဲ့ သည်။ 
ကုမ္ပဏီများသည် ၂၀၂၇ ခုနှစ် အောက်တိုဘာလတွင် ၎င်းတို့၏ ထုတ်ကုန်များ၏ ၇၀ ရာခိုင်နှုန်းတွင် သကြားပါဝင်မှု ကို ၃၀ ရာခိုင်နှုန်းလျှော့ချရန်၊ ကလေးများအတွက် ရည်ရွယ် သောကြော်ငြာများကို ဖယ်ရှားရန်နှင့် နှစ်လီတာနှင့် သုံး လီတာအရွယ်အစားကဲ့သို့သော ပုလင်းကြီးများ အရောင်းမြှင့် တင်ခြင်းကို ကန့်သတ်ရန် သဘောတူညီခဲ့ကြသည်။National Action Party၏ စီးပွားရေး ညှိနှိုင်းရေးမှူးHector Saúl Tellez က အဆိုပါအစီအမံများသည် ကျန်းမာရေးအခွန်များ မဟုတ်သော်လည်း ရှင်းလင်းသော ဘဏ္ဍာရေး ရည်မှန်းချက် ဖြင့် ရိုးရိုးရှင်းရှင်း ကောက်ခံခြင်းဖြစ်ကြောင်း El Heraldo က ပြောကြားခဲ့သည်။ 
အသေးစား လုပ်ငန်းရှင်များကလည်း စိုးရိမ်ကြောင်း ဖော်ပြကြသည်။ သမ္မတမှ မကြေညာမီရက်ပိုင်း အလိုတွင် ပြည်သူ့ကျန်းမာရေး ကျွမ်းကျင်သူ ၁၀ဝ၀ ကျော်က အဆိုပါ ပဏာမခြေလှမ်းအတွက် ထောက်ခံကြောင်း ထုတ်ဖော် ပြောဆိုခဲ့ကြသည်။
Source: Yahoo၊  

ဟန်ကိုကျော်၊DOCA (ရန်ကုန်)