ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် စက်တင်ဘာလအတွင်း ရော်ဘာနှင့် ရော်ဘာသစ်များ တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၅၄၉ မီလီယံ ရရှိခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၈ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း ရော်ဘာဌာန၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီမှ စက်တင်ဘာလထိ ရော်ဘာတန်ချိန်၂၆၀၅၄၇ တန် ထုတ်လုပ်ခဲ့ရာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၈၁၀၁ တန် ၃ ဒသမ၂၁ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
စက်တင်ဘာလ တစ်လတည်းတွင် ထုတ်လုပ်မှုသည် တန်ချိန် ၄၂၄၂၉ တန်အထိ ရောက်ရှိခဲ့ပြီး ယခင်နှစ်ထက် တန်ချိန် ၃၅၀၈ တန်၊ ၉ ဒသမ ဝ၁ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၃၃၁၃ ၊ ၈ ဒသမ ၄၇ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။
စိုက်ပျိုးရေး၊ သစ်တောနှင့် ငါးလုပ်ငန်းဝန်ကြီးဌာန (MAFF) လက်အောက်ရှိ ရော်ဘာအထွေထွေဦးစီးဌာန၏ ညွှန်ကြား ရေးမှူးချုပ်Khun Kakada က ကမ္ဘောဒီးယားသည် အဆိုပါကာလအတွင်း ရော်ဘာတန် ၂၂၀၂၄၀ တင်ပို့ခဲ့ကြောင်း ယင်းမှာ ၂၀၂၄ အလားတူကာလနှင့် နှိုင်းယှဉ်ပါက တန် ၂၈၂၉၅ ၁၁ ဒသမ၄ ရာခိုင်နှုန်း လျော့ကျခဲ့သည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလအထိ ရော်ဘာနှင့် ရော်ဘာသစ်တင်ပို့မှုမှ စုစုပေါင်းဝင်ငွေသည် အမေရိကန်ဒေါ်လာ ၅၄၉ သန်းကျော်ရှိပြီး ယင်းတွင် ရော်ဘာတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၉၀ သန်းကျော်၊ ရော်ဘာသစ်တင်ပို့မှုမှာ ၃ သန်းကျော်နှင့် ပြည်တွင်း၌ ရော်ဘာရောင်းချမှုမှ အမေရိကန် ဒေါ်လာ ၁၅၆ သန်းရှိခဲ့ကြောင်း သိရသည်။
Source : Khmer Times၊
ကျော်မြင့်ဦး၊ DOCA(ရန်ကုန်)
