ဖိလစ်ပိုင်နိုင်ငံသည် ဆန်တင်သွင်းမည့်အပေါ်ကောက်ခံသည့် အခွန်နှုန်း ထား ၁၅ ရာခိုင်နှုန်း သတ်မှတ်ထားရှိခြင်းကို ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ သက် တမ်းတိုးခြင်းကို သမ္မတ မားကို့စ်က အတည်ပြုခဲ့ကြောင်း နိုဝင်ဘာ ၉ ရက်တွင် ဖိလစ်ပိုင်သမ္မတနန်းတော်မှ ထုတ်ပြန်ပြောကြားခဲ့သည်။
၂၀၂၄ ခုနှစ် ဇွန်လက ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာ ၆၂ အရ Most Favored Nation – MFN နှုန်းထား in-quota နှင့် out-quota အတွက် ၃၅ ရာခိုင်နှုန်း မှ ၁၅ ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ခြင်းသည် ၂၀၂၅ ခုနှစ် နှစ်ကုန်အထိ ဆက်လက် ထားရှိထားပေးမည်ဖြစ်သည်။
သို့ရာတွင် ယခု ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၁၀၅ အရ ဆန် တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်နှုန်းထားကို ၁-၁-၂၀၂၆ ရက်နေ့မှစတင်၍ ကမ္ဘာ့ဆန်ဈေးနှုန်းအခြေအနေပေါ် မူတည်ပြီး ၁၅ ရာခိုင်နှုန်း မှ ၃၅ ရာခိုင်နှုန်း အတွင်း (Adjustable rate) ထားရှိသွားမည်ဖြစ်သည်။ အမိန့်ကြော်ငြာစာ ၆၂ ထုတ်ပြန်ခဲ့စဉ်ကတည်းက အခွန်နှုန်းထားအား ဈေးကွက်အခြေအနေပေါ် မူတည် ပြီး ပြန်လည်ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ဖော်ပြထားရှိခဲ့သည်။
အမိန့်ကြော်ငြာစာ ၁၀၅ အရ ကမ္ဘာ့ဆန်ဈေးနှုန်းမြင့်တက်လျှင် သွင်းကုန် ခွန်အား လက်ရှိနှုန်းထားထက် ၅ ရာခိုင်နှုန်း ချပေးသွားမည်ဖြစ်ပြီး ကမ္ဘာ့ဆန်ဈေး နှုန်းကျဆင်းပါက သွင်းကုန်ခွန်အား လက်ရှိနှုန်းထားထက် ၅ ရာခိုင်နှုန်း မြင့်တက် သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။ သို့သော် ဆန်တင်သွင်းမှုအတွက်MFN Rate မှin-quota နှင့် out-quota တို့အတွက် ၁၅ ရာခိုင်နှုန်းထက်မနိမ့် ၃၅ ရာခိုင် နှုန်းထက်မမြင့်စေရေး ၁၅ ရာခိုင်နှုန်း ၃၅ ရာခိုင်နှုန်းကြားသာ ထားရှိသတ်မှတ် သွားမည်ဖြစ်သည်။
၂၀-၆-၂၀၂၄ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမိန့်ကြော်ငြာစာအမှတ် ၆၂ အရ ဆန်တင်သွင်းမှုအပေါ် ကောက်ခံသည့် သွင်းကုန်ခွန်အား ၃၅ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းသို့ချပေးခဲ့ပြီး ၂၀၂၈ ခုနှစ်အထိ ထားရှိပေးမည်ဖြစ်သည်။ လေးလ တစ်ကြိမ် သက်ဆိုင်ရာကြီးကြပ်နေသည့် အဖွဲ့အစည်းများမှ ဈေးကွက်အခြေအပေါ် မူတည်၍ ပြန်လည်သုံးသပ်ကာ သွင်းကုန်ခွန်နှုန်းထားအား ပြန်လည် သတ်မှတ်သွား ရန် ညွှန်ကြားခဲ့သည်။
အဓိကအကြောင်းရင်းမှာ ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်/ ကျဆင်းမှုရှိစေ ရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ လတ်တလောတွင်လည်း ဖိလစ်ပိုင်နိုင်ငံသည် ဆန် တင်သွင်းမှုအား ယာယီရပ်ဆိုင်းထားရှိပြီး ၁-၉-၂၀၂၅ မှ ၃၁-၁၂-၂၀၂၅ ရက်နေ့ အထိဖြစ်ကြောင်း၊ ထို့ပြင် အစိုးရမှ ဝယ်ယူမည့် စပါးဈေးနှုန်း (ကြမ်းခင်းဈေး) ကို လည်း တိုးမြှင့်သတ်မှတ်ပေးခဲ့ပြီး ပြည်တွင်း တောင်သူများ၏ အရှုံးမဖြစ်ပေါ် စေရန် နှင့် ဝင်ငွေမြင့်မားစေရန် ရည်ရွယ်သည်။
သို့သော် ပြည်တွင်းဆန်စပါး တောင်သူများအုပ်စုမှ ပြောကြားချက်အရ ယခုကဲ့သို့ ဆန်အပေါ်ကောက်ခံသည့် သွင်းကုန်နှုန်းထားအား ကမ္ဘာ့ဆန်ဈေးကွက် အပေါ် မူတည်ကောက်ခံခြင်းသည် မျှတမှုရှိနိုင်မည်မဟုတ်ကြောင်းနှင့် လက်ရှိ ကမ္ဘာ့ဆန်ဈေးနှုန်းမှာ တည်ငြိမ်လျက်ရှိနေ၍ ဖြစ်သည်။ ပြည်တွင်း ဆန်လုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပိုမိုသင့်တော်သည့်မူဝါဒမှာ မူလအတိုင်း သွင်း ကုန်ခွန်နှုန်းထားအား ၃၅ ရာခိုင်နှုန်းသို့ ပြန်လည်ထားရှိသွား ခြင်းသာဖြစ်ကြောင်း Farmers’ Group ဘက်မှလည်း အကြံပြုထောက်ပြထားမှုများ ရှိနေသည်ကို တွေ့ရှိရ သည်။
ကေသွယ်ခိုင် (စီးပွားရေးသံမှူး၊ မနီလာမြို့)
