ဖိလစ်ပိုင်နိုင်ငံသည် အော်ဂဲနစ်စားသောက်ကုန်ပစ္စည်း များကို အိန္ဒိယဈေးကွက်သို့ ချဲ့ထွင်သွားရန် ရည်မှန်းထား ကြောင်းနှင့် ၂၀၂၈ ခုနှစ်တွင် အာရှနိုင်ငံများကြား တတိယ အကြီးဆုံးဈေးကွက် နေရာရရှိပြီး စိုက်ပျိုးရေးကဏ္ဍကုန်သွယ် မှုအား ပိုမိုတိုးမြှင့်သွားရန်ဖြစ်သည်။
၂၀၂၅ ခုနှစ် စက်တင်ဘာလက ကျင်းပခဲ့သည့် ျွှသမိူ င်္သသိ ှုညိငေ ၂၀၂၅ ကာလအတွင်း သီးခြားဆွေးနွေးခဲ့ကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့သည်။ အစည်း အဝေးသို့ တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်များသည် ဖိလစ်ပိုင်နိုင်ငံမှ ကုန်ထုတ်လုပ်သူများနှင့် ချိတ်ဆက် နိုင်ရေး လေ့လာခဲ့ပြီး အထူးသဖြင့် အမျိုးသမီးများ ဦးဆောင်သည့် အော်ဂဲနစ် စားသောက်ကုန်လုပ်ငန်းများအတွက် ရည်ရွယ် ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ကိုယ်စားလှယ်အဖွဲ့သည် အိမ်မွေးတိရစ္ဆာန် စားသောက်ကုန်များ၊ အသီးအရွက်ကို အခြေခံသည့် စား သောက်ကုန်များ၊ အဖျော်ယမကာများနှင့် အထူးစီမံပြုလုပ် သည့် စားသောက်ကုန်လုပ်ငန်းများဆိုင်ရာ ဆွေးနွေးပွဲများ တွင်လည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့သည်။
ထို့ပြင်ကိုယ်စားလှယ်အဖွဲ့သည် အိန္ဒိယစားသောက်ကုန်ထုတ်လုပ်ရေးဝန်ကြီးဌာနနှင့်လည်း ဈေးကွက်ချိတ်ဆက် နိုင်ရေး၊ ကုန်သွယ်ရေးဆိုင်ရာ အဆင်ပြေလွယ်ကူချောမွေ့စေ ရေး၊ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု စသည်တို့ကို ဆွေးနွေးခဲ့ကြသည်။ ထပ်မံ၍ စားသောက်ကုန်ထုတ်လုပ်မှုဆိုင်ရာစံသတ်မှတ်ချက် နှုန်းထားများ၊ ရေရှည်တည်တံ့ခိုင်မြဲ ရေးနှင့် တန်ဖိုးကွင်းဆက်တစ်လျှောက် စီမံဆောင်ရွက်ထား မည့် အစီအစဉ်တို့နှင့် စပ်လျဉ်း၍လည်း ဆွေးနွေးပြောကြားခဲ့ ကြောင်း သိရသည်။
ကျန်းမာရေးကို အခြေခံသည့် စားသောက်ကုန်များကို ရွေးချယ်စားသုံးလာကြခြင်း၊ ငှက်ပျောသီး၊ နာနတ်သီးနှင့် အုန်းသီးကဲ့သို့ ဖိလစ်ပိုင်နိုင်ငံမှ ထွက်ရှိသည့် အော်ဂဲနစ် အသီးအနှံများကို အခြေခံသည့် စားသောက်ကုန်ပစ္စည်းများကို တိုးမြင့်ထုတ်လုပ်လာခြင်းတို့ကြောင့် အော်ဂဲနစ်စားသောက် ကုန်တင်ပို့မှုသည် တဖြည်းဖြည်း မြင့်တက်လာကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ အော်ဂဲနစ်စားသောက် ကုန်များတင်ပို့လျက် ရှိသည့် လက်ရှိဈေးကွက်များမှာ အီးယူ၊ အမေရိကန်နှင့် ဂျပန်တို့ဖြစ်ပြီး ထပ်မံ၍ အိန္ဒိယနိုင်ငံသို့ ဈေးကွက်ချဲ့ထွင် သွားရန် စီစဉ်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ကေသွယ်ခိုင် (စီးပွားရေးသံမှူး-နီလာမြို့)
