Main menu

Background

ကမ္ဘောဒီးယား ပို့ကုန် ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ တိုးမြင့်လာ

Thu, 12/04/2025 - 11:11 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ နိုဝင်ဘာ ၁၈ ရက်နေ့ အစီရင်ခံစာအရ ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၅ ခုနှစ် အောက်တိုဘာလအထိ အီးယူနိုင်ငံများနှင့် အရှေ့တောင်အာရှနိုင်ငံများအသင်း (ဗှနဗြ)  သို့ ပို့ကုန်များ တိုးတက်ခဲ့ကြောင်း သိရသည်။
ကမ္ဘောဒီးယားနိုင်ငံသည် ဇန်နဝါရီလမှ အောက်တိုဘာလ ကာလအတွင်း န့ ဈေးကွက်သို့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၂၁ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများတင်ပို့ခဲ့ပြီး ယခင်နှစ်အလားတူ ကာလထက် ၁၇ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့ ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ကမ္ဘောဒီးယားနိုင်ငံသည်   အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈ ဘီလီဘံ တန်ဖိုးရှိ ကုန်ပစ္စည်း များ တင်ပို့ခဲ့ရာ ယခင်နှစ် အလားတူကာလထက် ၁၆ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း သိရသည်။ 
န့ ဈေးကွက်သည် ၂၀၂၅ ခုနှစ် ပထမ ၁၀ လ အတွင်း ၂၅ ဒသမ ၉ ဘီလီယံတန်ဖိုးရှိသော ကမ္ဘောဒီးယားနိုင်ငံ၏ စုစု ပေါင်း ပို့ကုန်ပမာဏ ၁၆ ဒသမ ၂ ရာခိုင်နှုန်း ရှိပြီး အာဆီယံဈေးကွက်တွင် ၁၈ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။
ကမ္ဘောဒီးယားမှ န့ သို့ အဓိကတင်ပို့သည့်  ပစ္စည်းများမှာ အဝတ်အထည်၊ အထည်အလိပ်၊ ဖိနပ်၊ ခရီးဆောင်ပစ္စည်း၊ အိတ်၊ စက်ဘီး၊  ကားတာယာနှင့် အီလက်ထရွန်နစ် ပစ္စည်းအချို့အပြင် ဆန်၊ သီဟိုဠ်စေ့၊ ငှက်ပျောသီးစသည့် စိုက်ပျိုးရေးထွက် ကုန်များဖြစ်ကြောင်း စီးပွားရေးဝန်ကြီးဌာန၏ အတွင်းဝန်နှင့် ပြောရေးဆိုခွင့်ရှိသူ ဏနညည ှသလငခ့နအေ က ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားမှ အာဆီယံသို့ အဓိကတင်ပို့သည့်ပစ္စည်းများမှာ အဝတ်အထည်၊ ဖိနပ်၊ ခရီးဆောင်ပစ္စည်း၊ အိတ်၊ ကား တာယာနှင့် အီလက်ထရွန်နစ်ပစ္စည်းနှင့် စိုက်ပျိုးရေးထွက်ကုန်များ ပါဝင်ကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သိရှိ ရသည်။

Source : Khmer Times
DOCA ရန်ကုန်၊ ကျော်မြင့်ဦး