Main menu

Background

အိန္ဒိယနှင့် အာဖဂန်နစ္စတန်တို့ လေကြောင်းကုန်စည်ဝန်ဆောင်မှု ပြုလုပ်မည်

Thu, 12/04/2025 - 11:15 -- journal_editor

အိန္ဒိယနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ အကြား လေကြောင်းကုန်စည်ပို့ဆောင်ရေး ဝန် ဆောင်မှုများကို  မကြာမီ စတင်တော့မည်ဖြစ် ကြောင်း  အာဖဂန်နစ္စတန်ဘက်မှ အဆင့်မြင့် အရာရှိတစ်ဦးက ပြောကြားသည်ကို ကိုးကားပြီး ှုညိငေ ွှသိပေ သတင်းဌာနက နိုဝင်ဘာ ၂၇ ရက် တွင် ရေးသားဖော်ပြထားခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ   မြို့တော်  နယူးဒေလီနှင့် အာ ဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကဘူးလ်၊ ကဘူးလ်- အမ်ရစ်ဆာ လမ်းကြောင်းများရှိ ကုန်စည်ပို့ဆောင် ရေးစင်္ကြံကို စတင်ဆောင်ရွက်ပြီဖြစ်ကြောင်း သိရ သည်။ အဆိုပါကဏ္ဍများတွင် ကုန်တင်လေယာဉ် ခရီးစဉ်များကို မကြာမီ  စတင်တော့မည်ဖြစ် ကြောင်း အာဖဂန်နစ္စတန်နိုင်ငံဘက်က  စတင် ကြေညာခဲ့ခြင်းဖြစ်သည်ဟု သတင်းတွင် ဆက် လက်ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံနှင့် အာဖဂန်နစ္စတန်နိုင်ငံတို့ အကြား လေကြောင်းကုန်စည်ပို့ဆောင်ရေး ဝန် ဆောင်မှုများက နှစ်နိုင်ငံ ပို့ဆောင်ရေးကဏ္ဍကို သိသိသာသာ မြှင့်တင်ပေးနိုင်မည်ဖြစ်ပြီး မိမိတို့၏ ကုန်သွယ်ရေးနှင့် စီးပွားရေး ဆက်ဆံမှုများကို ပိုမို အားကောင်းစေလိမ့်မည်ဟု အာဖဂန်နစ္စတန်နိုင်ငံ အစိုးရပိုင်းမှ တာဝန်ရှိသူများက ယုံကြည်ထားကြ သည်။ 
ကဘူးလ်နှင့် အစ္စလာမ္မာဘတ်အကြား တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေချိန်တွင် အာဖဂန် နစ္စတန်  စိုက်ပျိုးရေးထွက်ကုန်များ  တင်ပို့မှုမြှင့် တင်ရေး အပါအဝင် ကုန်သွယ်ရေး ဆက်ဆံမှုကိုပါ တိုးချဲ့ရန်  ရည်ရွယ်ချက်ဖြင့် အာဖဂန်နစ္စတန် နိုင်ငံမှ အစိုးရ ထိပ်တန်းတာဝန်ရှိသူများ အိန္ဒိယ နိုင်ငံသို့ ငါးရက်ကြာခရီးစဉ် သွားရောက်ခဲ့သည်။ 
အစိုးရချင်း ဆွေးနွေးမှုများတွင် နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏ တိုးချဲ့ခြင်း၊ အိန္ဒိယနိုင်ငံသို့ စိုက်ပျိုးရေးပို့ကုန်များ တင်ပို့ခြင်း၊ အိန္ဒိယနိုင်ငံမှ ဆေးဝါးများ၊ စက်ယန္တရားများနှင့် အထည်အလိပ် များတင်ပို့မှု တိုးမြှင့်ခြင်းတို့ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
 Source; India Today

စိုင်းဗညား