တရုတ်နိုင်ငံမှ ကမ္ဘာကျော် လျှပ်စစ်မော်တော်ကား ထုတ်လုပ်ရေး ကုမ္ပဏီတစ်ခု ဖြစ်သည့်fh BYD ကpl ugin hybrid လျှပ်စစ်ကားသစ် (PHEV) ကို နိုဝင်ဘာ ၂၆ ရက်က အစ္စရေးနိုင်ငံတွင် စတင် မိတ်ဆက်ပြသလိုက် ကြောင်း သိရသည်။
နိုဝင်ဘာ ၂၆ ရက်က အစ္စရေးနိုင်ငံ အလယ်ပိုင်းရှိRishon LeZion မြို့၌ မော်တော်ကား မိတ်ဆက်ပွဲတစ်ခု ပြုလုပ်ခဲ့ရာ ယင်းပြပွဲတွင်plug-in hybrid လျှပ်စစ်ကားသစ်ကို ထုတ်ဖော်ပြသခဲ့ကြောင်းBYDကုမ္ပဏီ၏ အစ္စရေး အရောင်းကိုယ်စားလှယ် Shlomo Motors က ထုတ်ပြန်ကြေညာ ခဲ့သည်။
အစ္စရေးနိုင်ငံတွင် မိတ်ဆက်ပြသခဲ့သည့်BYD Atto 2 DM-I မော်ဒယ်ကို တရုတ်နိုင်ငံတွင်Yuan Up DM-I အဖြစ် လူသိများပြီး ယင်းမှာsubcompact crossover SUV ကားအမျိုးအစား ဖြစ်ကြောင်း သိရသည်။BYD Atto 2 DM-I မော်ဒယ်ကို လျှပ်စစ်မော်တာတစ်ခု၊ ၁၈ ကီလိုဝပ်နာရီ ဘက်ထရီတစ်ခုတို့နှင့်အတူ ပေါင်းစပ်ထားသော ၁ ဒသမ ၅ လီတာ ဓာတ်ဆီ အင်ဂျင်တစ်ခုဖြင့် လည်ပတ်မောင်းနှင်ခြင်းဖြစ်ပြီး လျှပ်စစ်စွမ်းအင် သီးသန့် သုံးမည်ဆိုပါက အကွာအဝေး ကီလိုမီတာ ၉၀ အထိ မောင်းနှင်နိုင်မည် ဖြစ်သည်။ ထို့ပြင် ပေါင်းစပ်စွမ်းအင်သုံးမည်ဆိုပါက အကွာအဝေး ကီလို မီတာ ၁၀ဝ၀ ခန့်အထိ မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
BYD Atto 2 DM-I မော်ဒယ်သည် အစ္စရေးနိုင်ငံတွင် ြီ့ မှ မိတ် ဆက်ရောင်းချခဲ့သော စတုတ္ထမြောက် plug-in hybrid ကားအမျိုးအစား ဖြစ်သည်။BYD မော်တော်ကားကုမ္ပဏီသည် ယခု ၂၀၂၅ခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာလအတွင်း အစ္စရေးနိုင်ငံတွင် ကားအစီးရေ ၁၂၁၆၀ စီး ရောင်းချနိုင်ခဲ့ပြီး ဓာတ်ဆီ၊ hybrid E နှင့် လျှပ်စစ်ကားများပါဝင်ကာ ၎င်း၏ ရောင်းအားမှာ အဆင့်(၆) နေရာတွင်ရှိနေသည်ဟုဆိုသည်။
Source; Xinhua
စိုင်းဗညား
