အာဆီယံဒေသတွင်း နိုင်ငံများ သည် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင် မှုများဖြင့် အနာဂတ်ကို ဦးဆောင်ကြ ရန် မလေးရှားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စွမ်းအင်ကူးပြောင်းမှုနှင့် ရေအသွင် ပြောင်းမှု ဝန်ကြီး ငေိ်္ငေူ့ ့ကျသ် က နိုဝင်ဘာ ၂၅ ရက်တွင် ပြောဆိုလိုက် ကြောင်း နိုဝင်ဘာ ၂၇ ရက် ဆင်ဟွာ သတင်းဌာန၏ ရေးသားဖော်ပြချက် အရ သိရသည်။
အာဆီယံသည် အနာဂတ်ကို အဆုံးအဖြတ်ပေးနိုင်သည့် အချက် အချာကျသော ၁၀ နှစ်အတွင်းသို့ ဝင် ရောက်လျက်ရှိကြောင်း၊ ဒေသတွင်း နိုင်ငံများအနေဖြင့် သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုဖြင့် ကြံ့ကြံ့ခံနိုင်ရည် ရှိမှုကို မြှင့်တင်ကာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် မှာ များစွာလိုအပ်မည်ဖြစ်ကြောင်း ၎င်းက ပြောဆိုခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။
မလေးရှားနိုင်ငံ ဒုတိယဝန်ကြီး ချုပ်၊ စွမ်းအင်ကူးပြောင်းမှုနှင့် ရေ အသွင်ပြောင်းမှု ဝန်ကြီး ငေိ်္ငေူ့ ့ကျသ် သည် နိုဝင်ဘာ ၂၅ ရက်က ကျင်းပပြီးစီးခဲ့သည့် အာဆီယံ သိပ္ပံ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်း အဝေး ဖွင့်ပွဲအခမ်းအနားသို့ တက် ရောက်စဉ် ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာတစ်ဝန်း သိပ္ပံနည်းပညာ များ လျင်မြန်စွာ ထိုးဖောက်မှု၊ စီးပွား ရေးဖွဲ့စည်းပုံ နက်ရှိုင်းစွာ ပြင်ဆင်ထိန်း ညှိမှုများ လက်ရှိအချိန်တွင် ဖြစ်ပေါ် လျက်ရှိရာ စည်းလုံးညီညွတ်စွာ ညှိနှိုင်း ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆန်းသစ် တီထွင်မှုရလဒ်များအား အတူတကွ မျှဝေခြင်းသည် အာဆီယံဒေသတွင်း နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို တွန်း အားပေးသည့် မဖြစ်မနေ လိုအပ်ချက် ဖြစ်ကြောင်း ငေိ်္ငေူ့ ့ကျသ် က ပြော သည်။
အာဆီယံ ဒေသတွင်း နိုင်ငံများ အနေဖြင့် မဟာဗျူဟာမြောက် သိပ္ပံ သုတေသနလုပ်ငန်း၌ ရင်းနှီးထည့်ဝင် မှုကို တစ်ဆင့်တိုးမြှင့်တင်ကာ အချက် အချာနည်းပညာ၏ သုတေသနဖော် ဆောင်မှုနှင့် စီးပွားဖြစ် အသုံးပြုမှုအား အရှိန်မြှင့်တွန်းအားပေးပြီး ကမ္ဘာတစ် ဝန်းရှိ သိပ္ပံသုတေသနအဖွဲ့အစည်းများ နှင့် အဆင့်မြင့်လူရည်ချွန်များ အာဆီယံ သို့ လာရောက်ခြင်းအား ဆွဲဆောင်ရန် လည်း ၎င်းက တိုက်တွန်းထားသည်။
၂၀၂၅ ခုနှစ် အာဆီယံ နည်း ပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုး တိုးတက်မှု ထိပ်သီးအစည်းအဝေးသည် ရှေ့ပြေးသိပ္ပံနည်းပညာ၊ ကုန်ထုတ်လုပ် ငန်း ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများ ကို အာရုံစိုက်ထားပြီး အာရှနှင့် တစ် ကမ္ဘာလုံး သိပ္ပံနည်းပညာဂေဟ ဖလှယ် မှု ပလက်ဖောင်းအား တည်ဆောက် ပေးရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရ သည်။ ယင်း ၂၀၂၅ ခုနှစ် အာဆီယံ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှု ထိပ်သီးအစည်းအဝေး သို့ တရုတ်၊ ကနေဒါ၊ သြစတြေးလျနှင့် အာဆီယံနိုင်ငံ နယ်ပယ်အသီးသီးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
Source; Xinhua
စိုင်းဗညား
