မလေးရှားတွင် စားအုန်းဆီကြမ်း ထုတ်လုပ်မှုသည် နိုဝင်ဘာလတွင် အောက်တိုဘာလထက် တန်ချိန် ၁ဒသမ၉၄ သန်း ၅ ဒသမ ၃ ရာခိုင်နှုန်း ကျဆင်းခဲ့သော်လည်း နိုဝင်ဘာလ ထုတ်လုပ်မှုအနေဖြင့် ၂၀၁၇ ခုနှစ်နောက်ပိုင်း အများဆုံး ဖြစ်သည်ဟု မလေးရှားစားအုန်းဆီဘုတ်အဖွဲ့ (MPOB) က ပြောကြားသည်။ လက်ရှိထုတ်လုပ်မှု အရှိန်အဟုန်အရ မလေးရှား၏ စားအုန်းဆီ တစ်နှစ်တာ စုစုပေါင်း ထုတ်လုပ်မှု သည် ၂၀၂၅ နှစ်ကုန်တွင် ပထမဆုံးအကြိမ်အဖြစ် တန်ချိန် သန်း ၂၀ ကျော် ရှိ လာမည်ဟု ခန့်မှန်းထားသည်။
အင်ဒိုနီးရှားအစိုးရက စားအုန်းဆီ ပို့ကုန်ခွန်ကို နိုဝင် ဘာလတွင် တစ်တန်လျှင် ကန်ဒေါ်လာ ၁၂၄ စည်းကြပ်ခဲ့ရာမှ ဒီဇင်ဘာတွင် ကန်ဒေါ်လာ ၇၄ သို့ လျှော့ချခဲ့သည်။ သက် ရောက်မှုမှာ အင်ဒိုနီးရှားသည် စားအုန်းဆီကိုဈေးနှုန်း နိမ့်ကျ စွာဖြင့် ရောင်းချနေခြင်းကြောင့် မလေးရှား၏ စားအုန်းဆီ တင်ပို့မှု လျော့ကျဖွယ်ရှိနိုင်သည်။ မလေးရှားစားအုန်းဆီကြမ်း (CPO)) ကြိုပွိုင့်ဈေးကွက်သည် Dalianဟင်းသီးဟင်းရွက်ဆီ များ ကျဆင်းမှုနှင့် ပို့ကုန်အားနည်းမှုကြောင့် ဈေးအနည်းငယ် ကျဆင်းခဲ့သည်။
မုန်တိုင်းများကြောင့် မိုးရွာသွန်းမှုများပြားခဲ့၍ မလေး ရှားနှင့် အင်ဒိုနီးရှားနိုင်ငံတို့ရှိ စားအုန်းဆီ စိုက်ခင်းများတွင် လုပ်သားနှင့် သယ်ယူပို့ဆောင်ရေးအခက်အခဲကြောင့် အထွက် နှုန်း ယာယီလျော့ကျခြင်း၊ ရိတ်သိမ်းချိန် နောက်ကျခြင်းကြောင့် ဆီအရည်အသွေး ကျဆင်းနိုင်ခြင်းတို့ ဖြစ်ပေါ်နိုင်သည်။ တရုတ်နှစ်သစ်ကူး (Lunar New Year)) နှင့် ၂၀၂၆ ခုနှစ်တွင် ကျရောက်မည့် ရမ်ဇာန် Ramadan)) ကာလများအတွက် ကြိုတင်ဝယ်လိုအား ကောင်းမွန်မည်ဟူသော မျှော်လင့်ချက် များ၊ အင်ဒိုနီးရှားနှင့် တူနီးရှားတို့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလတွင် လက်မှတ်ရေးထိုးရန် စီစဉ်ထားသည့် ဦးစားပေး ကုန်သွယ်မှု သဘောတူစာချုပ် (PTA) ချုပ်တွင် စားအုန်းဆီနှင့် စပ်လျဉ်း ၍ ကုန်သွယ်မှုဆိုင်ရာ အခွန်နှုန်းထားများကို လျှော့ချပေးခြင်း ဖြင့် အင်ဒိုနီးရှား စားအုန်းဆီသည် တူနီးရှား ဈေးကွက်သို့ ယခင်ကထက် အခွန်သက်သာစွာ ဝင်ရောက်ခွင့်ရရှိမည်ဖြစ် ခြင်း၊ အင်ဒိုနီးရှား၏ ဇီဝလောင်စာဆီအတွက် ြါ်၄၀ မူဝါဒ ကြောင့် စားအုန်းဆီ ဝယ်လိုအားသည် ဆက်လက်အား ကောင်းနေမည်ဟု ခန့်မှန်းထားခြင်းနှင့် အိန္ဒိယနိုင်ငံရှိ ဆီ စက်များသည် ပြိုင်ဘက်ပဲပုပ်ဆီ (Soyoil ဈေးနှုန်း မြင့် တက်မှုနှင့် ရူပီးငွေကြေး အားနည်းမှုကြောင့် ပဲပုပ်ဆီဝယ်ယူမှု အချို့ကို ပယ်ဖျက်ခဲ့ပြီး စားအုန်းဆီကို ပိုမိုဦးစားပေးလာ နိုင်သည့် ခန့်မှန်းချက်များသည် စားအုန်းဆီ ဈေးနှုန်းကျဆင်း မှုကို ထိန်းချုပ်ထားသည်။
သို့သော် စားအုန်းဆီ၏ပြိုင်ဘက် အစားထိုးဆီများဖြစ် သည့် ပဲပုပ်ဆီ၊ နေကြာဆီနှင့် ပန်းနှမ်းဆီ (Canola Oil) တို့၏ ထောက်ပံ့မှုများကြောင့် ၂၀၂၆ ခုနှစ်တွင် စားအုန်းဆီကြမ်း (CPO)) ပျမ်းမျှဈေးနှုန်းသည် တစ်တန်လျှင် မလေးရှားရင်းဂစ် MYR) ၄၀ဝ၀ ဝန်းကျင်တွင် တည်ငြိမ်နေမည်ဟု သုံးသပ် ထားသည်။
NNH (DOCA)
Source: https://www.google.com, https://
www.mpoc.org.my/
