Main menu

Background

၂၀၂၆ ခုနှစ်တွင် ဆန်တန်ချိန် ၃ဒသမ၈သန်းတန်ခန့် တင်သွင်းတော့မည့် ဖိလစ်ပိုင်နိုင်ငံ

Tue, 02/03/2026 - 11:54 -- journal_editor

တင်းကျပ်သည့်စံနှုန်းသတ်မှတ်ချက်များနှင့် အပြန် အလှန်အကောက်ခွန်များ နှင့် ရင်ဆိုင်နေရသော်လည်း ဗီယက်နမ်၏ရေထွက်ကုန်တင်ပို့မှုမှာ သိသာစွာ အား ကောင်းခဲ့ပြီး စံချိန်တင်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၃၄ ဘီလီယံရရှိခဲ့ ကြောင်း သိရသည်။ 
ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်တွင် ပုစွန်တင်ပို့မှုမှတစ်ဆင့်ဝင်ငွေ အမေရိကန် ဒေါ်လာ ၄ ဒသမ ၆၅ ဘီလီယံရရှိခဲ့ပြီး ၂၀၂၄ ခုနှစ်ကထက် ၂၀ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့ကာ စုစုပေါင်း ရေထွက်ကုန်တင်ပို့မှု တန်ဖိုး၏ ၄၁ ရာခိုင်နှုန်းခန့်ရှိ ကြောင်း သိရသည်။ ဗီယက်နမ်သည် ွှမေ ငါး (ဗီယက်နမ်ငါးတန်) တင်ပို့မှုမှဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၉ ဘီလီယံ၊ အခြားငါးအမျိုးအစားများ တင်ပို့မှုမှ ဝင်ငွေ ၂ ဒသမ ၁၆ ဘီလီယံ၊ တူနာငါးတင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန် ဒေါ်လာ ၉၁၃ သန်းနှင့် ကမာတင်ပို့မှုမှတစ်ဆင့် ဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ သန်းပတ်လည်ရရှိခဲ့ကြောင်း သိရသည်။ ဗီယက်နမ်သည် ၂၀၂၅ ခုနှစ်တွင် CPTPP  အုပ်စုဝင်နိုင်ငံများသို့ ရေထွက်ကုန် အမေရိကန် ဒေါ်လာ ၃ ဒသမ ဝ၇ ဘီလီယံ၊  တရုတ်သို့ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၅ ဘီလီယံနှင် ဥရောပသမဂ္ဂသို့ အမေ ရိကန်ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံနီးပါးတင်ပို့ခဲ့ကြောင်း သိရသည်။ ဗီယက်နမ် ပင်လယ်စာ ထုတ်လုပ်သူများနှင့် တင်ပို့သူများအသင်း၏ ဥက္ကဋ္ဌဖြစ်သူDo Ngoc Tai  က ပထမဆုံးအနေဖြင့် အမေရိကန်ဒေါ်လာ ၁၁ ဘီလီယံကျော်ဖြတ်နိုင်ခဲ့ခြင်း သည် ကြံ့ကြံ့ခံနိုင်မှု၊ လိုက်လျောညီထွေ ဆောင်ရွက်နိုင်မှုနှင့် ဗီယက်နမ်၏ ရေထွက် ကုန်ကဏ္ဍ၏ ဆုံးဖြတ်ချက်ခိုင်မာမှု၏ ရှင်းလင်းသော သက်သေပြချက်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 
သို့သော်Tai  က လတ်တလောဖြစ်ပေါ်နေသည့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ် ရေး မသေချာမရေရာမှု၊ ယှဉ်ပြိုင်မှုနှင့် စည်းမျဉ်းဖိအားများနှင့်အတူ ၂၀၂၆ ခုနှစ် သည် ဆက်လက်မတည်မငြိမ်ဖြစ်နိုင်ပြီး ဈေးကွက် ကွဲပြားရန်နှင့် တည်ငြိမ်သော ဖွဲ့စည်းပုံလိုအပ်သည်ကို အလေးပေးပြသနေကြောင်း မှတ်ချက်ပြုခဲ့သည်။

Source: Philstar
 

ညီမင်းထက် ၊ DOCA  (ရန်ကုန်)