ကရင်ပြည်နယ် ဘားအံမြို့သည် ၂၀၂၆ ခုနှစ်အတွက် (၅) ကြိမ်မြောက် အာဆီယံ သန့်ရှင်းသော ခရီးသွားမြို့ တော်ဆု (5th ASEAN Clean Tourist Award) ) ဆုကိုရရှိခဲ့ကြောင်း ကရင်ပြည် နယ်အစိုးရအဖွဲ့ မှ သိရသည်။
အဆိုပါ ဆုတံဆိပ်ကို ဖိလစ်ပိုင် နိုင်ငံ စီဘူးမြို့တွင် ကျင်းပခဲ့သည့် အာဆီယံခရီးသွားလုပ်ငန်းဖိုရမ် ၂၀၂၆ တွင် ရရှိခဲ့တာဖြစ်ပြီး ပြည်နယ်အစိုးရ အဖွဲ့ထံသို့ ဆုတံဆိပ် လွှဲပြောင်းပေး အပ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့အနေ ဖြင့် ၂၀၂၂ ခုနှစ်အတွက် အာဆီယံ အစိမ်းရောင်ဟိုတယ်များ စံနှုန်းဆု တစ်ဆု၊ အာဆီယံ ရေရှည်တည်တံ့ခိုင်မြဲ သော ခရီးသွားလုပ်ငန်းစံနှုန်းဆု ၁၀ ဆု၊ ၂၀၂၃ ခုနှစ်အတွက် အာဆီယံ အများပြည်သူသုံး သန့်စင်ခန်းများ စံနှုန်းဆုတစ်ဆု၊ ၂၀၂၄ ခုနှစ်အတွက် အာဆီယံအစိမ်းရောင် ဟိုတယ်များ စံနှုန်းဆုတစ်ဆု၊ ၂၀၂၅ ခုနှစ်အတွက် (၆)ကြိမ်မြောက် အာဆီယံပတ်ဝန်း ကျင်ဆိုင်ရာ စဉ်ဆက်မပြတ်ဖွံ့ဖြိုးသော မြို့ကြီးများဆုနှင့် ၂၀၂၆ ခုနှစ်အတွက် ပဉ္စမအကြိမ်မြောက် အာဆီယံ သန့် ရှင်းသော ခရီးသွားမြို့တော်ဆုတို့ကို ရရှိခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ခရီးသွားလုပ်ငန်းစံနှုန်းဆု စတင်ပေး အပ်ချီးမြှင့်ခဲ့သည် ၂၀ဝ၈ခုနှစ်မှ ၂၀၂၆ ခုနှစ်ထိ ဆုပေါင်း ၁၅၈ ဆုကို နှစ် အလိုက် ရရှိထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရ သည်။
ကိုတိုး
