ဘော်နီယိုကျွန်း၏ ရှားပါးဒူးရင်းနီဟု လူသိများသော ဒူးရင်းသီးသည် စနစ်တကျ စိုက်ပျိုးမည်ဆိုပါက အဓိက စိုက်ပျိုးရေးလုပ်ငန်းနှင့် စီးပွားဖြစ်သီးနှံတစ်ခု ဖြစ်လာနိုင်ကြောင်းKuamut ပြည်နယ်လွှတ်တော်အမတ်Datuk Masiung Banah က ပြောကြားခဲ့သည်။
Datuk Masiung Banah သည် ဘော်နီယိုကျွန်းတွင် မူလပေါက်ရောက်သော ထူးခြားဆန်းပြားသော အသီးတစ်မျိုးဖြစ် သည်။Datuk Masiung Banah သည်Sabahပြည်နယ် မြောက်ပိုင်းရှိ ခရိုင်အချို့တွင် နေထိုင်သည့် Sungai လူမျိုးစုများအတွက် ရှေးယခင်ကပင် ရိုးရာအစားအစာတစ်ခုခဲ့ဖြစ်သည်။Durian Merah သည် Sarawakအပါအဝင် ဒေသတစ်လျှောက် ထူးခြားသီးနှံ အမျိုးအစားများကို နှစ်သက်သူများအကြား လူကြိုက်များလာနေသည်။
ကိုင်းဆက်နည်းပညာများဆိုင်ရာ သုတေသနပြုလုပ်ရန်Masiung က တောင်းဆိုခဲ့ပြီး ရည်မှန်းချက်မှာ ရာသီ အလိုက် သဘာဝအပင်မှSabah တွင် အဓိက ခေတ်မီစိုက်ပျိုးရေးထုတ်ကုန် အဖြစ်သို့ ပြောင်းလဲရန်ဖြစ်သင့်ကြောင်း ပြောကြားခဲ့သည်။ ဒူးရင်းစိုက်ပျိုးရေးတွင် အတွေ့အကြုံများက Durian Merahကို အဖိုးတန်ရိုးရာ သီးနှံအဖြစ် မြှင့်တင်ပေးနိုင်ပြီး ခိုင်မာသော စီးပွားရေး အလားအလာရှိသည့် သီးနှံတစ်ခုအဖြစ် မြှင့်တင်ပေးနိုင်ကြောင်းလည်း ပြောကြားခဲ့သည်။
Durian Merah ၏ ထူးခြားချက်မှာ မှည့်သော်လည်း မြွေကကျခြင်း၊ အသီးခူးရန်အတွက် မြင့်မားသောသစ်ပင်များ ကို တက်ရကြောင်းMasiung ပြောကြားခဲ့ပြီး တောက်ပသော အနီရောင် အသားသည် ပုံမှန်ဒူးရင်းသီးများနှင့် နှိုင်း ယှဉ်ပါက စူးရှသော အနံ့နည်းပြီး အသားပိုခြောက်သွေ့ကာ အရသာ ပိုချိုမြိန်မှုနည်း ကြောင်း ဖော်ပြခဲ့သည်။
Source : VN Express
ကျော်မြင့်ဦး DOCA (ရန်ကုန်)
