Main menu

Background

အမေရိကန်နှင့် ကုန်သွယ်ရေးဆွေးနွေးမှုကို အိန္ဒိယဘက်က ရွှေ့ဆိုင်း

Thu, 03/05/2026 - 11:11 -- journal_editor

အိန္ဒိယနိုင်ငံသည် ယခု ဖေဖော် ဝါရီလမကုန်မီတွင် အမေရိကန်ပြည် ထောင်စု  ဝါရှင်တန်သို့ မိမိတို့၏ ကုန် သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ကို  စေ လွှတ်ပြီး   နှစ်နိုင်ငံ ကုန်သွယ်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြရန် စီစဉ်ထား ရာမှ  ယခုအချိန်တွင်  ယင်းကိစ္စကို အိန္ဒိယဘက်မှ ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။
ထိုသို့ ဖြစ်လာရခြင်း၏ အဓိက အကြောင်းရင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ချမှတ်ထားသော စည်း ကြပ်ခွန်များကို အမေရိကန် တရားရုံး ချုပ်က ပယ်ဖျက်ခဲ့ပြီးနောက် မရေရာ မှုများကြောင့်ဖြစ်ကြောင်း အိန္ဒိယ ကုန် သွယ်ရေးဝန်ကြီးဌာနမှ        ထိပ်တန်း အရာရှိတစ်ဦး၏      ပြောကြားချက်ကို ကိုးကားပြီး    ဘီဘီစီသတင်းဌာနက ဖေဖော်ဝါရီ ၂၂ ရက်တွင်  ရေးသား ဖော်ပြခဲ့ခြင်း ဖြစ်သည်။ 
အဆိုပါ အမေရိကန်တရားရုံး၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး   အာရှ နိုင်ငံများအကြား  ပထမဆုံးသော တုံ့ ပြန်မှုများထဲမှ တစ်ခုဖြစ်သည်။
အမေရိကန်နှင့် အိန္ဒိယ နှစ်နိုင်ငံ အဆင့်မြင့် အရာရှိများအကြား ဆွေး နွေးမှုကို  လတ်တလော ရပ်ထားရန် အိန္ဒိယ  တာဝန်ရှိသူများက ဆုံးဖြတ် လိုက်ကြောင်းနှင့် ယင်းခရီးစဉ်အတွက် ရက်စွဲအသစ်ကို     မဆုံးဖြတ်ရသေး ကြောင်း အိန္ဒိယဘက်က  ပြောဆိုထား ကြောင်း သိရသည်။ 
ဖေဖော်ဝါရီ ၂၀ ရက်က အမေ ရိကန်တရားရုံး၏  ဆုံးဖြတ်ချက် ထွက် ပေါ်လာခဲ့ပြီးနောက်တွင်  အခွန်စည်း ကြပ်မှုများနှင့်ပတ်သက်၍  မရေရာမှု များကြောင့်  ရွှေ့ဆိုင်းလိုက်ခြင်းဖြစ် ကြောင်း   သတင်းတွင်  ဆက်လက် ဖော်ပြထားသည်။ 
ရုရှားနိုင်ငံမှ ရေနံ ဝယ်ယူခဲ့ခြင်း ကြောင့် အိန္ဒိယနိုင်ငံ၏ ပို့ကုန်တချို့ကို အမေရိကန်က အခွန် ၂၅ ရာခိုင်နှုန်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။    ယင်းကိစ္စ အပေါ် အမေရိကန်ဘက်က ပြန်လည် လျှော့ချရန် မူဘောင်တစ်ခုကို နှစ်နိုင်ငံ စလုံးက    သဘောတူညီခဲ့ပြီးနောက် ကြားကာလအတွင်း    ကုန်သွယ်ရေး သဘောတူညီချက်  တစ်ရပ်ကို အပြီး သတ်ဆွေးနွေးရန်  နှစ်နိုင်ငံ ကိုယ်စား လှယ်အဖွဲ့သည် ဖေဖော်ဝါရီ ၂၂ ရက် တွင် တွေ့ဆုံကြရန် စီစဉ်ထားရာမှ ယခု ကဲ့သို့ ရွှေ့ဆိုင်းလိုက်ခြင်း ဖြစ်သည်။ 
အခြားတစ်ဖက်တွင်    အိန္ဒိယ နိုင်ငံမှ တင်ပို့သည့် ကုန်စည်များအပေါ် အမေရိက   အခွန်ကောက်ခံမှု ၁၈ ရာခိုင်နှုန်းအထိ လျှော့ချရန် သတ်မှတ် ထားပြီး အပြန်အလှန်အားဖြင့် အိန္ဒိယ သည်လည်း  စွမ်းအင်ထောက်ပံ့မှုများ၊ လေယာဉ်နှင့် အစိတ်အပိုင်းများ၊ အဖိုး တန်သတ္တုများနှင့်  နည်းပညာ ထုတ် ကုန်များ အပါအဝင် အမေရိကန် ကုန် စည်များကို  ငါးနှစ်အတွင်း တန်ဖိုး အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ဝ အထိ ဝယ်ယူရန် သဘောတူညီမှုများ ရှိခဲ့ကြသည်။
 Source; BBC

စိုင်းဗညား