အင်ဒိုနီးရှားနိုင်ငံ၏ စားအုန်းဆီအကြမ်း (CPO) နှင့် ၎င်း၏ နောက်ဆက်တွဲထွက်ကုန်များ တင်ပို့မှုမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ဒသမ၂၉ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရပါသည်။ စားအုန်း ဆီ ထောက်ပံ့မှုကဏ္ဍတွင် ထိပ်တန်းမှ ဦးဆောင်နေသည့် အင်ဒိုနီးရှားနိုင်ငံသည် ၂၀၂၅ ခုနှစ်၊ အလား တူကာလတွင် အဆိုပါ ဟင်းသီးဟင်းရွက်ဆီ အမျိုးအစားမှ ဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၄၄ ဘီလီယံအထိ ရရှိခဲ့ကြောင်း သိရပြီး တင်ပို့မှုပမာဏသည် တန်ချိန် ၁ ဒသမ၂၇ သန်းတန်မှ ၂ ဒသမ၂၄ သန်းတန်အထိ တစ်နှစ်ထက်တစ်နှစ် ၇၇ ဒသမ ဝ၇ ရာခိုင်နှုန်း မြင့်တက်လာကြောင်း သိရသည်။
နိုင်ငံတကာ ဈေးကွက်ရှိ စားအုန်းဆီအကြမ်း (CPO) ဈေးနှုန်းမှာ ဇန်နဝါရီလတွင် တစ်မက် ထရစ်တန်လျှင် ပျမ်းမျှ ၉၉၇ ဒသမ ၈၂ ဒေါ်လာနှုန်းဖြင့် တစ်လထက်တစ်လ ၁ ဒသမ ၈၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်းနှင့် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက CPO ဈေးနှုန်းမှာ ၆ ဒသမ ၇၇ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ကြောင်း သိရသည်။ ဇန်နဝါရီလတွင် အီရန်သို့ တင်ပို့သည့် ဟင်းသီး ဟင်းရွက်ဆီနှင့် တိရစ္ဆာန်အဆီတင်ပို့မှု စုစုပေါင်းမှာ ဒေါ်လာ ၂ ဒသမ၁ သန်းတန်ခန့် ရှိခဲ့ကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ၏ ကုန်ပစ္စည်းကုန်သွယ်မှု ပိုငွေမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလတွင် ၂ဒသမ၅၁ ဘီလီယံရှိခဲ့ရာမှ ယခုနှစ် အစောပိုင်းတွင် ၉၅၀ သန်းအထိ ကျဆင်းသွားခဲ့ကြောင်းနှင့် ၎င်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ၏ ကုန်သွယ်မှုပိုငွေ ၃ ဒသမ ၄၉ ဘီလီယံနှင့် နှိုင်းယှဉ်ပါက သိသိသာသာ လျော့ကျသွားခြင်းဖြစ်ပြီး အရှေ့တောင်အာရှ၏ အကြီးဆုံးစီးပွားရေးနိုင်ငံဖြစ်သော အင်ဒိုနီးရှား နိုင်ငံသည် ၂၀၂၀ ပြည့်နှစ် မေလမှစတင်၍ ဆက်တိုက် ကုန်သွယ်မှုပိုငွေပြနေသည့် အခြေအနေကိုမူ ဆက်လက် ထိန်းထားနိုင်ခဲ့ကြောင်း သိရသည်။
Source: Jarkata Globe
ညီမင်းထက် DOCA (ရန်ကုန်)
