Main menu

Background

ဆောရီအာရေးဗျနိုင်ငံသို့ ဆန်တန်ချိန် ၂၂၀၀ တင်ပို့ခဲ့သည့် အင်ဒိုနီးရှား

Mon, 04/20/2026 - 14:12 -- journal_editor

အင်ဒိုနီးရှားနိုင်ငံသည် ဆော်ဒီအာရေးဗီး ယားသို့ ဆန်တန်ချိန် ၂၂၈၀ ကို စတင် တင်ပို့လိုက် ပြီဖြစ်ပြီး ဟဂျ်ဘုရားဖူးခရီးစဉ်သို့ သွားရောက်မည့် အင်ဒိုနီးရှား  နိုင်ငံသားများအတွက် ပြည်တွင်း ထုတ်ဆန်ကို   ပထမဆုံးအကြိမ် အသုံးပြုရန် ထောက်ပံ့ခြင်းဖြစ်ကြောင်း သိရသည်။ 
စိုက်ပျိုးမွေးမြူရေးဝန်ကြီးနှင့် အမျိုးသားစား နပ်ရိက္ခာအေဂျင်စီ Bapanas) အကြီးအကဲလည်း ဖြစ်သူ Andi Amran Sulaiman က ထိုအောင်မြင်မှု သည် အစိုးရပိုင် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီ Bulogနှင့် တစ်နိုင်ငံလုံးရှိစိုက်ပျိုးရေးသမားများ၏ ပူးပေါင်းကြိုးပမ်းမှုကြောင့်ဖြစ်ကြောင်း မတ်လ ၁၆ ရက်နေ့က ပြောကြားခဲ့သည်။ Bulog ကုမ္ပဏီ၏ ဥက္ကဋ္ဌ Ahmad Rizal Ramdhani ကလည်း ယခု အစီအစဉ်သည် ကုန်သွယ်ရေး အောင်မြင်မှု တစ်ခု သာမက နိုင်ငံအတွက် ဂုဏ်သိက္ခာနှင့် ဂုဏ်ယူစရာ အမှတ်အသားတစ်ခုလည်းဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ၎င်း၏ ပြောကြားချက်အရ ဆန်များကို အဆင့်လိုက် အသုတ်အသီးသီးဖြင့် တင်ပို့နေပြီး ပြည်တွင်းစိုက်ပျိုးရေးသမားများထံမှ ဝယ်ယူကာ အရည်အသွေးမြင့် ဆန်စက်များတွင် ပြုပြင်ထုတ် လုပ်ထားကြောင်း သိရသည်။ 
ထို့ပြင် အရည်အသွေးစံချိန်စံညွှန်းများကို ပြည့်မီစေရန် broken grain အချိုးအစားကို အများ ဆုံး ၅ ရာခိုင်နှုန်းသာရှိစေရန် ထိန်းသိမ်းထားသည် ဟု သိရသည်။ တင်ပို့သည့် ဆန်များအားလုံးသည် ဓာတ်ခွဲခန်းစမ်းသပ်မှုများကို အောင်မြင်စွာကျော် ဖြတ်ထားပြီး နိုင်ငံတကာ ပို့ကုန်စံချိန်စံညွှန်းများ နှင့် ကိုက်ညီသည့်အပြင် ဟာလာအသိအမှတ်ပြု လက်မှတ်လည်း ရရှိထားကြောင်း သိရသည်။ 
ဟဂျ်နှင့်Umrah ဝန်ကြီးဌာနကလည်း မက္ကာ နှင့် မဒီနာမြို့များရှိ အင်ဒိုနီးရှား ဟဂျ်ဘုရာ ဖူးခရီး သည်များအတွက် အစားအသောက် ပြုလုပ်ပေး သည့် မီးဖိုချောင်များတွင် Bulog ဆန်ကိုသာ အသုံး ပြုရန် သတ်မှတ် ထားကြောင်း သိရသည်။ ယင်းက အစားအသောက် ထောက်ပံ့မှုအပေါ် ယုံကြည်မှု နှင့် တည်ငြိမ်မှုရှိစေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ အာဏာပိုင်များက ယခုအစီအစဉ်သည် ပြည်တွင်း ဆန်လုံလောက်မှုအပေါ် သက်ရောက်မှု မရှိကြောင်း အတည်ပြုထားပြီး လက်ရှိတွင် နိုင်ငံ ၏ဆန်သိုလှောင်ပမာဏမှာ လုံလောက်စွာရှိနေ ကြောင်း ပြောကြားခဲ့သည်။ 
အစိုးရအနေဖြင့်  ယခုဆန်တင်ပို့မှုကို အစားအသောက်ဖူလုံရေးမူဝါဒ၏ အဆင့်အသစ် တစ်ခုအဖြစ်  သတ်မှတ်ထားပြီး  သံတမန်ရေး၊ ကိုယ်ပိုင် ထောက်ပံ့နိုင်မှုနှင့်  နိုင်ငံခြားရှိ ပြည်သူ များအား ထောက်ပံ့ကူညီရေးတို့ကို ပေါင်းစပ်ထား သည့် အစီအစဉ်တစ်ခုအဖြစ် ရှုမြင်နေကြောင်း သိရသည်။
Antara News

မြသူ DOCA (ရန်ကုန်)