Main menu

Background

ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ်ငန်းတင်ပို့မှု မြင့်တက်

Mon, 04/20/2026 - 14:15 -- journal_editor

ဗီယက်နမ်နိုင်ငံ၏ စိုက်ပျိုးရေး၊ သစ်တောနှင့် ရေလုပ် ငန်း (Agro-forestry-fishery) ထုတ်ကုန် တင်ပို့မှုသည် ၂၀၂၆ ခုနှစ် ပထမနှစ်လအတွင်း အမေရိကန်ဒေါ်လာ ၁၁ဒသမ၃ ဘီလီယံခန့်ရှိခဲ့ပြီး ယခင်နှစ် အလားတူကာလထက် ၁၇ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။
ဖေဖော်ဝါရီတစ်လတည်းတွင်   ပို့ကုန်ဝင်ငွေသည် ဒေါ်လာ ၄ ဒသမ ၇၁ ဘီလီယံခန့်ရှိခဲ့ရာ ဇန်နဝါရီလထက် ၂၈ ဒသမ ၄ ရာခိုင်နှုန်း လျော့ကျသွားသော်လည်း ယခင်နှစ် ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ပါက ၁ ဒသမ ၉ ရာခိုင်နှုန်း မြင့် တက်လာကြောင်း စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၏ အဆိုအရ သိရသည်။
အာရှဈေးကွက်သည် ဗီယက်နမ် လယ်ယာထွက်ကုန် များအတွက် အကြီးဆုံး ပို့ကုန်ဈေးကွက်အဖြစ် ဆက်လက် တည်ရှိနေပြီး စုစုပေါင်း ပို့ကုန်တန်ဖိုး၏ ၄၅ဒသမ၅ ရာခိုင် နှုန်းရှိသည်။ အမေရိကတိုက်သည် ၂၁ ရာခိုင်နှုန်းဖြင့် ဒုတိယ နေရာတွင်ရှိပြီး ဥရောပက ၁၅ဒသမ၇ ရာခိုင်နှုန်းဖြင့် နောက် မှ လိုက်နေသည်။ အာဖရိကဒေသများမှာမူ ၂ ဒသမ ၂ ရာခိုင် နှုန်းနှင့် ၁ ဒသမ ၄ ရာခိုင်နှုန်း အသီးသီးရှိကြသည်။
ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက အာရှသို့ တင်ပို့မှု ၂၇ ဒသမ ၇ ရာခိုင်နှုန်း၊ အမေရိကတိုက်သို့ ၁၀ ဒသမ ၄ ရာခိုင်နှုန်းနှင့် ဥရောပသို့ ၁၂ ရာခိုင်နှုန်း အသီးသီး တိုး တက်လာခဲ့ပြီး အာဖရိကသို့ တင်ပို့မှုမှာ မူ ၁၉ ဒသမ ၆ ရာခိုင် နှုန်း လျော့ကျသွားခဲ့သည်။
နိုင်ငံအလိုက်   ကြည့်မည်ဆိုပါက  တရုတ်နိုင်ငံသည် ဗီယက်နမ်၏ အကြီးဆုံးသော ဝယ်ယူသူအဖြစ် ဆက်လက်ရှိ နေပြီး စုစုပေါင်းပို့ကုန်ဝင်ငွေ၏ ၂၂ဒသမ၉ ရာခိုင်နှုန်းရှိသည်။ အမေရိကန်က ၁၈ ဒသမ ၇ ရာခိုင်နှုန်းဖြင့် ဒုတိယနှင့် ဂျပန် က ၇ ဒသမ ၂ ရာခိုင်နှုန်းဖြင့် တတိယနေရာတွင် အသီးသီး ရှိနေကြသည်။
ယခုနှစ်အတွင်း တရုတ်သို့ တင်ပို့မှုသည် ယခင်နှစ် ထက် ၅၅ ဒသမ ၉ ရာခိုင်နှုန်းအထိ သိသိသာသာ မြင့်တက် လာခဲ့ပြီး အမေရိကန်နှင့် ဂျပန်သို့ တင်ပို့မှုမှာလည်း ၉ဒသမ၂ ရာခိုင်နှုန်းနှင့် ၉ ဒသမ ၈ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ သည်။ ယခုကဲ့သို့ နှစ်ဆန်းပိုင်းလများတွင် ရရှိခဲ့သော အပြု သဘောဆောင်သည့် ရလဒ်များသည် ဈေးကွက်ပြန်လည်ဦး မော့လာခြင်းကို ပြသနေပြီး ထုတ်လုပ်မှုကို အရှိန်မြှင့်ရန်၊ ဈေး ကွက် ချဲ့ထွင်ရန်နှင့် ၂၀၂၆ ခုနှစ်အတွက် ချမှတ်ထားသော ပို့ကုန်ရည်မှန်းချက် ဒေါ်လာ ၇၃ ဘီလီယံမှ ၇၅ ဘီလီယံအထိ ရရှိရန် ကြိုးပမ်းရာတွင် ကောင်းမွန်သော အခြေခံအုတ်မြစ် တစ်ခု ဖြစ်လာလိမ့်မည်ဟု ဝန်ကြီးဌာနက ပြောကြားခဲ့သည်။
Source : VN Express
 

ကျော်မြင့်ဦးDOCA(ရန်ကုန်)