Main menu

Background

အိန္ဒိယ၏ ပုစွန်တင်ပို့မှုဝင်ငွေ မြင့်တက်လာဖွယ်ရှိ

Mon, 04/20/2026 - 14:17 -- journal_editor

အိန္ဒိယနိုင်ငံ၏ ပုစွန်တင်ပို့မှုသည် သုံးနှစ်ကြာ ရပ်တန့်နေပြီး နောက် ယခုဘဏ္ဍာနှစ်တွင် ၁၃ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်းအထိ ပြန် လည်တိုးတက်လာကာ  ပို့ကုန်ဝင်ငွေ  မြင့်တက်လာမည်ဟု မျှော်လင့်ရ ကြောင်း Crisil Ratings က ပြောကြားခဲ့သည်။ အမေရိကန်၏ မြင့်မား သော အခွန်နှုန်းထားများကြောင့် ဖြစ်ပေါ်လာသည့် သက်ရောက်မှုများကို အခြားကမ္ဘာ့ဈေးကွက်များသို့ တိုးချဲ့တင်ပို့ခြင်းဖြင့် ကုစားနိုင်ခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
ပို့ကုန်ဝင်ငွေ တိုးတက်လာရခြင်းမှာ အဓိကအားဖြင့် ဒေါ်လာနှင့် ယူရိုငွေတို့အပေါ် ရူပီးငွေတန်ဖိုး သိသိသာသာ ကျဆင်းသွားခြင်းကြောင့် ရရှိလာသော အကျိုးအမြတ်များကြောင့်ဖြစ်ကြောင်း သိရသည်။ အမေ ရိကန်ဈေးကွက်တွင် အခွန်တိုးမြှင့်ခံရမှုကြောင့် အချို့သောလုပ်ငန်းများ ဆုံးရှုံးမှုရှိသော်လည်း ယခုဘဏ္ဍာနှစ်အတွင်း စုစုပေါင်းတင်ပို့မှုပမာဏမှာ ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းခန့်အထိ တိုးတက်လာမည်ဖြစ်ကြောင်း သိရ သည်။ လာမည့်ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ပို့ကုန်ပမာဏမှာ ၃ ရာခိုင် နှုန်းမှ ၅ ရာခိုင်နှုန်းအထိ ဆက်လက်တိုးတက်ဖွယ်ရှိကြောင်း သိရပြီး အထူးသဖြင့် အမေရိကန်နိုင်ငံတွင် အခွန်နှုန်းထားများမှာ အခြားပြိုင် ဘက်နိုင်ငံများကဲ့သို့ ၁၅ ရာခိုင်နှုန်းဝန်းကျင်အထိ လျော့ကျလာနိုင်သည် ဟု ယူဆရသောကြောင့် ဝယ်လိုအား ပိုမိုမြင့်တက်လာမည်ကို မျှော်မှန်း ကာ  မွေးမြူရေးသမားများက  ပုစွန်ထုတ်လုပ်မှု မြှင့်တင်လာခြင်းက အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း သိရသည်။ 
ထို့အပြင် ဈေးကွက်သစ်များသို့ တိုးချဲ့ ခြင်းကလည်း တိုးတက်မှုကို အားပေးမည်ဖြစ်သည်။ အခွန်လျှော့ချမှုမှ ရရှိလာသော အကျိုးကျေးဇူး များကို ဝယ်ယူသူများထံသို့သာ ပြန်လည်ပေးအပ်ရဖွယ်ရှိသောကြောင့် လုပ်ငန်းလည်ပတ်မှု အမြတ်အစွန်းမှာ ယခုနှင့် လာမည့်ဘဏ္ဍာ နှစ်များ တွင် ၇ ရာခိုင်နှုန်းမှ ၇ ဒသမ ၅ ရာခိုင်နှုန်းခန့်၌သာ တည်ငြိမ်နေမည်ဖြစ် ကြောင်း သိရသည်။ လုပ်ငန်းလည်ပတ်မှုအရင်းအနှီး လိုအပ်ချက်တွင် ယာယီ မတည်ငြိမ်မှုများ ရှိနိုင်သော်လည်း ရေရှညြွေ်ကးမြီ နည်းပါးခြင်း ကြောင့် ပို့ကုန် လုပ်ငန်းရှင်များ၏ ငွေကြေးခိုင်မာမှုမှာ တည်ငြိမ်နေမည် ဖြစ်ကြောင်း သိရသည်။
လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်များ (FTAs)၊ လျင် မြန်သော ခွင့်ပြုချက်များနှင့် ကုန်ပစ္စည်းအရည်အသွေး ကောင်းမွန်ခြင်းတို့ ကြောင့် ရုရှားနှင့် ဥရောပသမဂ္ဂ (EU) ဈေးကွက်များသို့ ပိုမိုဝင်ရောက် နိုင်ခြင်းက   အိန္ဒိယပုစွန်လုပ်ငန်းကို  နယ်ပယ်စုံသို့ ဖြန့်ကြက်နိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရသည်။
Source: The Edge Malaysia၊

ညီမင်းထက် DOCA (ရန်ကုန်)