Main menu

Background

တစ်ပတ်အတွင်း နိုင်ငံတကာအားကစားသတင်းတိုများ

Wed, 09/05/2012 - 08:03 -- Anonymous (not verified)

အန်ဇီအသင်းတိုက်စစ်မှူး ဆင်မြူရယ်အီတူးသည် ကင်မရွန်းလက်ရွေးစင် အသင်းအတွက် ပါဝင်ကစား ရန် ငြင်းဆန်ခဲ့ပြီးနောက် ဘောလုံးအဖွဲ့ချုပ်၏ ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံရမည့်အရေးနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။
ရှန်ဟိုင်းရှင်ဟွာအသင်း၏ရှယ်ယာအရှုပ်အထွေးများကြောင့် မကြာသေးမီက မှပြောင်းရွှေ့သွားသည့် အနယ်ကာလ်နှင့်ဒရော့ဘာတို့အား ပြန်လည်ရောင်း ချသွားဖွယ်ရှိကြောင်း သတင်းများက ဖော်ပြသည်။

မန်ယူအသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ကလပ်အသင်းလက်မဲ့ ဖြစ်နေသည့် အင်္ဂလန်တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်သည် နွေရာသီ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီအချိန်တွင် အသင်းတစ်သင်းနှင့်စာချုပ်နိုင် ရန်မျှော်လင့်လျက်ရှိကြောင်း သိရသည်။
ရေနံကုမ္ပဏီများရောင်းချရာတွင် ငွေကြေးခဝါချခဲ့မှုနှင့်အလူမီနီယံကုမ္ပဏီတစ် ခုနှင့်စာချုပ်ချုပ်ဆိုရာတွင် ကတိကဝတ်များပျက်ကွက်ခဲ့မှုစသည့်စွဲချက်များနှင့် ပတ်သက်၍ ချဲလ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ချ်သည် ရုရှားစီးပွားရေးလုပ် ငန်းရှင်တစ်ဦးဖြစ်သည့် ဘောရစ်ဘီရီဇော့စကီးနှင့် ရင်ဆိုင်ဖြေရှင်းရမည်ဖြစ် ကြောင်း သိရသည်။
နာပိုလီတိုက်စစ်မှူး ကာဗာနီသည် အခြားအသင်းတစ်သင်းမှ ခေါ်ယူလိုပါက လျော်ကြေးငွေ ယူရိုသန်း ၅၀အထိပေးချေရမည်ဆိုသည့်အချက်ပါဝင်သည့် စာချုပ်သစ်ချုပ်ဆိုရန် နီးစပ်နေပြီဖြစ်ကြောင်း သိရသည်။
ဘာစီလိုနာအသင်း၏ ကွင်းလယ်ကစားသမား အင်နီယေစတာသည် ယူအီး အက်ဖ်အေ၏၂၀၁၁-၁၂ဘောလုံးရာသီအတွက် အကောင်းဆုံးကစားသမား ဆုကို ရရှိခဲ့ကြောင်း သိရသည်။
ရီးရဲလ်မက်ဒရစ် ကွင်းလယ်ကစားသမား အက်စတာဘန်ဂရာနီရိုအား ကျူပီ အာ အသင်းက ပေါင် ၉သန်းဖြင့် ခေါ်ယူလိုက်ကြောင်း သိရသည်။
ဥရောပချန်ပီယံလိဂ်အုပ်စုပွဲစဉ်များကို မဲခွဲဆုံးဖြတ်ခဲ့ရာ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးအသင်းသည် လာလီဂါချန်ပီယံ ရီးရဲလ်မက်ဒရစ်၊ ဘွန်ဒက်စ်လီဂါ ချန်ပီယံ ဘိုရပ်ရှားဒေါ့မန်၊ ဒတ်ချ်အမှတ်ပေးချန်ပီ ယံအေဂျက်စ်အမ်စတာဒမ် အသင်းတို့နှင့်အတူ သေမင်းတမန်အုပ်စုတွင် ကျရောက်နေကြောင်း သိရ သည်။