Main menu

Background

တစ်ပတ်အတွင်း နိုင်ငံတကာအားကစားသတင်းတိုများ

Sun, 09/09/2012 - 09:11 -- Anonymous (not verified)

အသက်(၂၉)နှစ်ရှိ ဆွီဒင်ကစားသမားတစ်ဦးသည် ဆွီဒင်လိဂ်ပွဲစဉ်တွင် အသင်းအတွက် ဦးဆောင် ဂိုးသွင်းယူပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ကွင်းအတွင်း လဲကျပြီးနောက် နှလုံးရော ဂါကြောင့် သေဆုံးသွား ခဲ့ကြောင်း သိရသည်။ ပီတီယာအသင်းကစားသမားဘရန်းစထရောင်းသည်ဆွီဒင်ဒုတိယ တန်းပွဲစဉ်အဖြစ် အူမီဒါလန်းနှင့်ယှဉ်ပြိုင်သည့်ပွဲတွင် လဲကျပြီးနောက် ဆေးရုံ သို့ရောက်ရှိစဉ်မှာပင် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။

အသက် ၃၇နှစ်ရှိပြီဖြစ်သည့် အီတလီလက်ရွေးစင်ကစားသမားဟောင်း ဒယ်လ်ပီယာရိုသည် သြစတြေးလျနိုင်ငံ၏ အေလိဂ်ကလပ် ဆစ်ဒနီအက်ဖ်စီ တွင်နှစ်နှစ်စာချုပ်ဖြင့်သွားရောက်ကစားရန် စာချုပ်ချုပ် ဆိုခဲ့ကြောင်းသိရသည်။
ကလပ်အသင်းမှ ထွက်ခွာလိုခြင်းမှာ ငွေကြေးကြောင့်ဖြစ်သည်ဟူသောစွပ်စွဲ ချက်များကို ရီးရဲလ်မက်ဒရစ်အသင်းမှ တိုက်စစ်မှူး စီရော်နယ်ဒိုက မဟုတ် မမှန်ကြောင်း ငြင်းဆိုခဲ့သည်။
လီဗာပူးအသင်းပိုင်ရှင် ဂျွန်ဟယ်ရီအနေဖြင့် အသင်းတွင် ငွေကြေးသုံးစွဲရန် အကျပ်အတည်းများဖြစ်နေသည်ဟု ထင်မြင်မိကြောင်း လီဗာပူးပရိသတ်များ က ယူဆလျက်ရှိသည်။
ဂျမေကာအပြေးသမား ကမ္ဘာ့အမြန်ဆုံးလူသားဘွဲ့ကိုခံယူထားသည့်အူစိန် ဘို့လ်သည်လာမည့်နှစ်တွင်ကျင်းပမည့် မန်ယူအသင်း၏ ရန်ပုံငွေပွဲတွင် ဝင် ရောက်ကစားဖွယ်ရှိကြောင်း ဒေးလီးမေးလ်သတင်းဌာနက ဖော်ပြထားသည်။
အက်သလက်တီကိုမက်ဒရစ်အသင်းသည် ချန်ပီယံချဲလ်ဆီးကို ၄-၁ဂိုးဖြင့် အနိုင်ရကာ ဥရောပစူပါဖလားချန်ပီယံဖြစ်ခဲ့သော်လည်း ဆုကြေးယူရို တစ် သန်းသာရရှိခဲ့ပြီး ယင်းဆုကြေးကို ကစားသမားများအား အပိုဆုကြေးအဖြစ် ပေးအပ်ရမည်ဖြစ်ရာ အသင်းအတွက် ငွေကြေးပိုင်းဆိုင်ရာအကျိုးအမြတ် တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း သိရသသည်။
ယူအက်စ်အိုးပင်းချန်ပီယံဟောင်း နိုဗက်ဂျူကိုဗစ်သည် ယူအက်စ်အိုးပင်း ကွာ တားဖိုင်နယ်တွင် အာဂျင်တီးနားနိုင်ငံသားတင်းနစ်ချန်ပီယံ ဂျူအန်မာတင် ဒယ်လ်ပေါ်ထရိုကို ၆-၂ ၇-၆ (၇-၃) ၆-၄ ဖြင့် အနိုင်ရရှိကာ ဆီမီးဖိုင်နယ် သို့တက်ရောက်သွားကြောင်း သိရသည်။