Main menu

Background

တစ်ပတ်အတွင်း နိုင်ငံတကာအားကစားသတင်းတိုများ

Mon, 10/01/2012 - 04:01 -- Anonymous (not verified)

မန်စီးတီးအသင်းခေါင်းဆောင်ကွန်ပနီက ပရီးမီးယားလိဂ်အသင်းတိုင်းမှာ အင် အားတောင့်တင်းသည့်အသင်း များဖြစ်ကြ၍ ပရီးမီးယားလိဂ်ချန်ပီယံဆုကို  ခက်ခက်ခဲခဲကာကွယ်ရမည်ဖြစ်ကြောင်း ပြောကြားလိုက်သည်။

ဗလင်စီယာကစားသမားများသည်  ဒီပို့တီဗိုနှင့်(၃)ဂိုးစီသရေကျသည့်ပွဲအပြီး တွင် တစ်ကွင်းလုံးနီးပါးသဲများ အကွက်လိုက်ပေါ်ခဲ့မှုကြောင့် ကွင်းနှင့် ပတ် သက်၍ အပြင်းအထန်ဝေဖန်ခဲ့ကြသဖြင့် မက်စ်တဲလားကွင်းမြက်ခင်း အား မြက်ခင်းသစ်ပြန်ခင်းခဲ့ရကြောင်းသိရသည်။
ဂျာမနီအလယ်တန်းကစားသမားအိုဇေးလ်က လာလီဂါဖလား ကာကွယ်ရေး တိုက်ပွဲတွင် အသင်း၏အရေးပါသည့်ကစားသမားအဖြစ် ပါဝင်ကစားရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောကြားလိုက်သည်။
ယူအီးအက်ဖ်အေသည် ဘဏ္ဍာရေးမျှခြေစည်းမျဉ်းသစ်အရ စည်းမျဉ်းနှင့်မညီ ညွတ်သည့် အသင်း ၂၃သင်းအား ဆုကြေးခွဲဝေမှု ယာယီရုပ်သိမ်းလိုက်ရာ အဆိုပါအသင်းများထဲတွင် ယူရိုပါလိဂ်လက်ရှိချန်ပီယံ အက်သလက်တီကို မက်ဒရစ်နှင့် မာလာဂါအသင်းတို့ပါဝင်ကြောင်း သိရသည်။
ဖီအိုရင်တီးနား  ကွင်းလယ်လူ အကွီလာနီသည် ဖနောင့်ကြောဒဏ်ရာကြောင့် နှစ်ပတ်ခန့် အနားယူရဦးမည်ဖြစ်ကြောင်း အသင်းပိုင်ဆရာဝန်၏ပြောကြား ချက်အရ သိရသည်။
လီဗာပူးလ်ပရိသတ် ၉၆ဦးသေဆုံးခဲ့ရသည့် ၁၉၈၉ခုနှစ် ဟေးလ်ဘရော့ ကွင်းပြိုကျမှုဖြစ်ရပ်ဆိုးအား မှတ်တမ်းတင်ထားသည့် လျှို့ဝှက်အထောက်အ ထားများအား လူသိရှင်ကြားထုတ်ပြန်ခဲ့ရာ ဗြိတိန်ရဲအဖွဲ့၏ပေါ့ဆမှုများကို ဖုံးကွယ်ထားရန်ကြိုးပမ်းမှုများကို အဆိုပါကြေညာစာတွင် မီးမောင်းထိုးပြထား ကြောင်း သိရသည်။
ယူကရိန်းနှင့်ပွဲတွင် နှစ်ဝါတစ်နီဖြင့် အထုတ်ခံရသည့်အင်္ဂလန်အသင်း ခေါင်း ဆောင် စတီဖင်ဂျရတ်က မိမိ၏လက်ရွေးစင်ကစားသမားဘဝတွင် ပထမဆုံး အကြိမ်အဖြစ် အထုတ်ခံရခြင်းကြောင့် အလွန်အံ့အား သင့်မိကြောင်း ပြော ကြားခဲ့သည်။
ဝေးလ်အသင်းနည်းပြခရစ္စကိုးလ်က ဆားဘီးယားအသင်းအား ၆-၁ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းမှာ ခံစစ်ပိုင်းအားနည်း မှုကြောင့်ဟု ထုတ်ဖော်ပြောကြားခဲ့သည်။