Main menu

Background

မော်စကိုစူပါဘိုက်ခ်ပြိုင်ပွဲတွင် ဆိုင်ကယ် မှောက်ပြီး အီတလီမှပြိုင်ပွဲဝင်တစ်ဦး သေဆုံး

Wed, 07/31/2013 - 11:45 -- ydnar

၂၀၁၃စူပါဘိုက်ခ် ကမ္ဘာ့ချန်ပီယံ ရှစ်ဆိုင်ကယ်စီးပြိုင်ပွဲ၏ ရှစ်ခုမြောက် ပွဲစဉ်တွင် မတော်တဆ ဆိုင်ကယ်တိမ်း မှောက်မှုတစ်ရပ်ကြောင့် အီတလီ ဆိုင် ကယ် စီးသမား အန်ဒရီယာအန်တိုနယ် လီ သေဆုံးခဲ့ရသည်။
မိုးသည်းထန်စွာ ရွာသွန်းနေမှု ကြောင့် မော်စကိုမြို့ ဗိုလိုကိုလာမက်ခ် ခရိုင်ရှိ Moscow Raceway  ဆိုင် ကယ်ကွင်းမျက်နှာပြင်တွင် မိုးရေများ စိုရွှဲပြီးပြိုင်ပွဲဝင်များ၏အသက်အန္တရာယ် ကို ခြိမ်းခြောက်ခဲ့သည်။

သို့ရာတွင် ပြိုင်ပွဲ ကျင်းပရေးတာ ဝန်ရှိသူများက ပွဲကို ရွှေ့ဆိုင်းခြင်းမရှိဘဲ ကျင်းပခဲ့ရာ ပန်းဝင်ခါနီး နောက်ဆုံးအ ကွေ့တွင် ဆိုင်ကယ်သုံးစီးပါဝင်သော တိမ်းမှောက်မှုတစ်ရပ်ဖြစ်ပွားခဲ့ရသည်။ အဆိုပါတိမ်းမှောက်မှုတွင် အန်တိုနယ် လီမှာ ဒဏ်ရာများ ပြင်းထန်စွာရရှိခဲ့ပြီး သေဆုံးသွားခဲ့ကာ ကျန်နှစ်ဦးမှာလည်း ဒဏ်ရာများ ရရှိသွားခဲ့သည်။
အခင်းဖြစ်ပွားပုံနှင့်ပတ်သက်၍ ရုရှားစုံစမ်းစစ်ဆေးရေးကော်မတီက အသေးစိတ်အချက်အလက်များကို စစ် ဆေးလျက်ရှိပြီး ဒုတိယနေ့ပြိုင်ပွဲတစ်ခု လုံးကို ရပ်တန့်ခဲ့ရသည်။