Main menu

Background

ဗြိတိသျှအိုးပင်းချန်ပီယံဖြစ်ပြီးနောက် ကမ္ဘာ့အဆင့်နှစ်သို့ မစ်ကယ်ဆန် တက်လာ

Wed, 07/31/2013 - 11:48 -- ydnar

၂၀၁၃ဗြိတိသျှအိုးပင်းဂေါက်ရိုက် ပြိုင်ပွဲတွင် ဗိုလ်စွဲသွားခဲ့သော အမေ ရိကန်ဂေါက်သီးရိုက်ကစားသမားကြီး ဖီးလ်မစ်ကယ်ဆန်သည် ပြီးခဲ့သည့် ဇူ လိုင်လ ၂၂ရက်နေ့က ထုတ်ပြန်ခဲ့သော ကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင် တိုက် ဂါးဝုဒ်၏နောက် အဆင့်နှစ်နေရာသို့ တက်ရောက်လာခဲ့သည်။

စကော့တလန်၌ ကျင်းပခဲ့သော ယခုနှစ်၏တတိယမြောက်ဂရင်းဆလင်း ပြိုင်ပွဲတွင် မစ်ကယ်ဆန်သည် သတ်မှတ် ရိုက်ချက်ထက်သုံးချက်လျှော့ရိုက်ပြီး ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်။ ပြိုင်ပွဲတစ်ခုလုံး ၏ တစ်ခုတည်းသော လျှော့ရိုက်ချက် ပိုင်ရှင်မစ်ကယ်ဆန်အတွက် ဗြိတိသျှ အိုးပင်းဖလားကို ပထမဦးဆုံးကိုင် မြှောက်ခွင့်ရခဲ့ခြင်းဖြစ်ပြီး ဂရင်းဆလင်း ဖလား ငါးလုံးပိုင်ရှင် ဖြစ်လာခဲ့သည်။
နောက်ဆုံးကမ္ဘာ့အဆင့်သတ်မှတ် ချက်တွင် ဗြိတိသျှအိုးပင်း၌ ပူးတွဲအ ဆင့်-၆ရခဲ့သူတိုက်ဂါးဝုဒ်က ဆက်လက် ဦးဆောင်နေဆဲ ဖြစ်ပြီး ဃကအ ကျော်နိုင် ခဲ့ခြင်းမရှိသော မက်အီရွိုင်းမှာမူ အဆင့် သုံးသို့ ဆင်းသွားခဲ့ရသည်။ မက်အီရွိုင်း ၏နေရာကိုမစ်ကယ်ဆန်ကပျမ်းမျှရမှတ် ၈ဒသမ ၆၃မှတ်ဖြင့် လွှဲယူနိုင်ခဲ့ခြင်းဖြစ် သည်။ ဆုကြေးစားဘဝသက်တမ်း ၂၄ နှစ်ရှိခဲ့ပြီဖြစ်သော မစ်ကယ်ဆန်သည် ကမ္ဘာ့အဆင့်တစ်နေရာကိုမူ တစ်ကြိမ်မျှ ပိုင်ဆိုင်ခဲ့ဖူးခြင်းမရှိဘဲ ယခုလည်း တိုက် ဂါးဝုဒ်နှင့် ၄ ဒသမ ၀၁မှတ်ကွာဟနေဆဲ ဖြစ်သည်။
ကမ္ဘာ့အဆင့်နှစ်သို့ တက်လာခဲ့ သလို၂၀၁၃ရာသီပီဂျီအေတိုး၏ဆုကြေး အများဆုံးစာရင်းတွင်လည်း မစ်ကယ် ဆန်သည်ကန်ဒေါ်လာ ၄ဒသမ ၈၆ သန်းဖြင့် တိုက်ဂါးဝုဒ်၏နောက်ဒုတိယ နေရာတွင် ရပ်တည်လျက်ရှိသည်။