Main menu

Background

၀က်စ်ဟမ်းအသင်း စကာမက်ကာကို အပြီးသတ်ခေါ်ယူ

Tue, 08/30/2022 - 15:37 -- journal_editor

အင်္ဂလန် ပရီးမီးယားလိဂ်ကလပ် ဝက်စ်ဟမ်း အသင်းသည် ဆက်ဆူအိုလိုအသင်းမှ တိုက်စစ်မှူး စကာမက်ကာကို  အပြီးသတ်  ခေါ်ယူလိုက်ပြီဖြစ် ကြောင်း ဇူလိုင် ၂၇ ရက်က တရားဝင်ကြေညာခဲ့သည်။ဝက်စ်ဟမ်းအသင်းသည်   စကာမက်ကာ အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၆ သန်းပေးချေခဲ့ရ သည့်အပြင် အပိုဆုကြေးအဖြစ် ယူရိုခြောက်သန်း ထပ်ဆောင်းပေးရမည်လည်းဖြစ်သည်။ဝက်စ်ဟမ်းအသင်းသည် အသက်(၂၃)နှစ်ရှိ အီတလီနိုင်ငံသား စကာမက်ကာကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။ ထို့ပြင် ဝက်စ်ဟမ်း အသင်းသည် ယင်းကစားသမားနှင့် ယခုချုပ်ဆိုသည့် ငါးနှစ်စာချုပ်ပြည့်ပါက နောက်ထပ်တစ်နှစ် သက်တမ်း တိုးခွင့်ရှိနေသည်။

ဆကာမက်ကာသည် ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီက   ဆက်ဆူအိုလိုအသင်းနှင့်အတူ စီးရီးအေတွင် ၃၆ ပွဲကစားပြီး ၁၆ ဂိုးသွင်းယူခဲ့သည်။ ထို့ကြောင့် ဆကာမက်ကာသည် ပြီးခဲ့သည့် ရာသီက အီတလီစီးရီးအေတွင် သွင်းဂိုးအများဆုံး အဆင့်(၆)နေရာတွင် ရပ်တည်နိုင်ခဲ့သလို ဒုတိယဂိုးသွင်းအများ ဆုံး အီတလီတိုက်စစ်မှူးလည်း ဖြစ်ခဲ့သည်။]ကျွန်တော့်အနေနဲ့  ပရီးမီးယားလိဂ်မှာ ကစားခွင့်ရရှိဖို့ ကာလရှည် စောင့်စားခဲ့ရတာပါ။ အခုတော့ ကျွန်တော့် ဆန္ဒတွေ ပြည့်ဝခဲ့ရပါ ပြီ။ ပရီးမီးယားလိဂ်မှာ ဝက်စ်ဟမ်းအသင်း နဲ့အတူ    ကျွန်တော့်အိပ်မက်တွေကို အကောင်အထည်ဖော်နိုင်တော့မှာပါ။ ဝက်စ်ဟမ်းအသင်းရဲ့ နံပါတ်(၇) ဂျာစီကို ဝတ်ပြီး ကျွန်တော် ဘာတွေလုပ်ပြနိုင်လဲ ဆိုတာ ပရိသတ်တွေကို ပြသဖို့နဲ့ ဝက်စ်ဟမ်းအတွက် ကစားဖို့ ကျွန်တော် မစောင့်နိုင်တော့အောင် ဖြစ်နေပါပြီ။ ကျွန်တော့်ကို ဝက်စ်ဟမ်းမှာ ရှိနေပြီး သားဖြစ်တဲ့ အသင်းဖော်တွေက  ကူညီမယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့တွေ ဝက်စ်ဟမ်း အသင်းနဲ့အတူတူ အောင်ပွဲခံကြမယ်}ဟု ဆကာ မက်ကာက ပြောခဲ့သည်။