Main menu

Background

ဘန်ဇီမာသည်  ကမ္ဘာ့အကောင်းဆုံးဆုနှင့်ထိုက်တန်ဟု အန်ဆယ်လော့တီပြော

Tue, 08/30/2022 - 17:00 -- journal_editor

ရီးယဲလ်မက်ဒရစ်အသင်း  နည်းပြ အန်ဆယ်လော့တီက မိမိတို့အသင်းမှ တိုက်စစ်မှူး ဘန်ဇီမာသည် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုနှင့် ထိုက်တန်ကြောင်း သြဂုတ် ၁၁ ရက် နံနက် က ယူအီးအက်ဖ်အေ စူပါဖလားပွဲအဖြစ် ဖရန့်ဖတ်အသင်းကို နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့သည့် ပွဲအပြီးတွင် ပြောဆိုလိုက် သည်။တိုက်စစ်မှူး  ဘန်ဇီမာသည်  ဖရန့်ဖတ်အသင်းနှင့် ကစားခဲ့သည့် စူပါဖလားပွဲတွင် ရီးယဲလ်မက်ဒရစ် အသင်း အတွက် ပွဲချိန် ၆၅ မိနစ်တွင် ဂိုးသွင်းယူနိုင်ခဲ့ပြီး ရီးယဲလ် မက်ဒရစ်အသင်း၏ သမိုင်းတစ်လျှောက်တွင် ဒုတိယ သွင်းဂိုး အများဆုံး တိုက်စစ်မှူးအဖြစ် ရပ်တည်လာနိုင်ခဲ့သည်။]]ဘန်ဇီမာဟာ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတစ်ဦးပါ။ သူ့အနေနဲ့ ဘယ်လိုပြိုင်ဘက်အသင်း မျိုးကိုမဆို ဂိုးသွင်းယူနိုင်စွမ်း ရှိနေပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲ တစ်ခုတည်းမှာသာ ခြေစွမ်းပြနိုင်တာမဟုတ်ပါဘူး။ စပိန်လာလီဂါမှာ သာမကဘဲ ချန်ပီယံလိဂ်နဲ့ တခြားပြိုင်ပွဲတွေမှာလည်း ခြေစွမ်းပြနိုင် သူပါ။ ဒါကြောင့်  သူဟာ ကမ္ဘာ့အကောင်းဆုံး ဘောလုံးကစားသမားဆုနဲ့ အထိုက်တန်ဆုံး ကစားသမားပါ}}ဟု အန်ဆယ်လော့တီက ပြောဆိုခဲ့ သည်။

ဘန်ဇီမာသည် လိုင်ယွန်အသင်းမှ ရီးယဲလ်မက်ဒရစ်အသင်းသို့ ၂၀၁၀ ပြည့်နှစ်ကပင် ရောက်ရှိလာခဲ့သူဖြစ်ပြီး  ရီးယဲလ်မက်ဒရစ် အသင်းသို့ ရောက်ရှိခဲ့သည့် အစောပိုင်းနှစ်များတွင် ပုံမှန်ခြေစွမ်းရရန် ရုန်းကန်ခဲ့ရသည်။ သို့သော် ဘန်ဇီမာသည် ၂၀၁၉ ခုနှစ်မှစပြီး အသင်း တွင် ပုံမှန်ပွဲထွက်ခွင့်ရရှိကာ အသင်းအတွက်  ထိပ်တန်း ဂိုးသွင်းရှင် လည်း ဖြစ်လာခဲ့သည်။ ပြီးခဲ့သည့် ၂၀၂၁-၂၀၂၂ ဘောလုံးရာသီက ရီးယဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလားရရှိခဲ့ရာတွင် ဘန်ဇီမာ၏ အခန်းကဏ္ဍမှာ အဓိကကျခဲ့ကြောင်းကိုလည်း စပိန်ပြည်တွင်းမီဒီယာ များက ကျယ်ကျယ်ပြန့်ပြန့် ရေးသားဖော်ပြခဲ့ကြသည်။