Main menu

Background

အမေရိကန် တင်းနစ်မယ် ဆရီနာဝီလီယံ အနားယူတော့မည်

Tue, 08/30/2022 - 17:03 -- journal_editor

အမေရိကန်တင်းနစ်မယ် ဆရီနာဝီလီယံသည် အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲ ပြီးဆုံးချိန်တွင် တင်းနစ်လောကမှ အနားယူတော့မည်ဖြစ် ကြောင်း သြဂုတ် ၁၁ ရက်က ထုတ်ဖော်ပြောဆိုလိုက်သည်။လက်ရှိအချိန်တွင် အသက်(၄၀)ရှိပြီဖြစ်သည့် ဆရီနာဝီလီယံသည် တင်းနစ်လောကတွင် ဂရင်းဆလင်း ချန်ပီယံဆုကို (၂၃)ကြိမ် ရရှိထားသူ ဖြစ်သည်။ဆရီနာဝီလီယံသည် ဒဏ်ရာပြဿနာကြောင့် ကာလရှည်အနားယူ နေရာမှ  ပြီးခဲ့သည့်ဇွန်လက  ကျင်းပခဲ့သည့် ဝင်ဘယ်ဒန်ပြိုင်ပွဲတွင် ပြန်လည်ယှဉ်ပြိုင်ခဲ့သည်။ သို့သော် ယင်းပြိုင်ပွဲတွင် ဆရီနာဝီလီယံအနေ ဖြင့်  အောင်မြင်မှုမရရှိခဲ့ဘဲ   မကြာမီကျင်းပမည့် အမေရိကန်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် တစ်ကျော့ပြန် အောင်မြင်မှုနှင့်အတူ တင်းနစ်လောက မှ အပြီးတိုင် အနားယူရန် ပြင်ဆင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။