Main menu

Background

ဒီပေးကိုခေါ်ယူရန် မန်ယူ ပြင်ဆင်နေ

Tue, 08/30/2022 - 19:47 -- journal_editor

မန်ယူအသင်းသည် တိုက်စစ်ပိုင်း လိုအပ်ချက်အတွက် ဘာစီလိုနာအသင်းမှ နယ်သာလန် လက်ရွေးစင် တိုက်စစ်မှူး ဒီပေးကိုခေါ်ယူရန် ကမ်းလှမ်းထားကြောင်း သိရသည်။မန်ယူအသင်းအနေဖြင့် ဒီပေးကို ခေါ်ယူရန် ပြင်ဆင်ရာတွင် သက်သာသောဈေးနှုန်းဖြင့် ရရှိနိုင်မည် ဖြစ်ပြီး ငါးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်ကို ချုပ်ဆိုသွားရန် ပြင်ဆင်နေကြောင်း သိရသည်။အသက်(၂၈)နှစ်ရှိ ဒီပေးကို အသင်းမှထွက်ခွာရန်  ဘာစီလိုနာအသင်းက ဖိအားပေးနေပြီး ကစားသမားဘက်ကသာ လက်ခံမည်ဆိုပါက မန်ယူအသင်းသို့ ပြောင်းရွှေ့မှုမှာ အောင်မြင်လာမည်လည်း ဖြစ်သည်။ဒီပေးသည် ၂၀၁၅ ခုနှစ်က ပီအက်စ်ဗွီအသင်းမှ မန်ယူအသင်းသို့ ပြောင်း ရွှေ့ခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ်တွင် လိုင်ယွန်အသင်းနှင့် ၂၀၂၁ ခုနှစ်တွင် ဘာစီလိုနာအသင်းသို့ ထပ်မံပြောင်းရွှေ့ ကစားခဲ့ရာမှ ယခုတစ်ဖန် ပရီးမီး ယားလိဂ်သို့ ပြန်လည်ရောက်ရှိရန် နီးစပ်လာခဲ့ခြင်း ဖြစ်သည်။အခြားတစ်ဖက်တွင် မန်ယူအသင်းသည် ရီးယဲလ်မက်ဒရစ်အသင်း မှ အသက်(၃၀)ရှိပြီဖြစ်သည့် ဘရာဇီး ကွင်းလယ်တိုက်စစ်ကစားသမား ကာဆီမီရိုကို ပေါင်သန်း ၆၀ ဖြင့် ခေါ်ယူပြီး လေးနှစ် သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုထားပြီး ဖြစ်သည်။ ကာဆီမီရိုသည် မန်ယူ အသင်းက လီဗာပူးအသင်းကို ၂-၁ ဂိုးဖြင့်  အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ် ပွဲစဉ်(၃)အပြီးတွင်  မန်ယူအသင်း ပရိသတ် များနှင့် မိတ်ဆက်ပွဲကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။မန်ယူအသင်းသို့ ရောက်ရှိလာသည့် ကာဆီမီရိုသည် မန်ယူအသင်းတွင် တစ်ပတ်လုပ်ခ ပေါင်သုံးသိန်းခွဲ ရရှိမည် လည်းဖြစ်သည်။