Main menu

Background

ကျောက်စိမ်းဈေးကွက်အရောင်းအဝယ်ပြန်ဖြစ်လာပြီး ပန်းပုရုပ်ထုများ အဝယ်လိုက်

Mon, 02/25/2013 - 06:31 -- ydnar

တရုတ်နှစ်သစ်ကူး  ပွဲတော်ကြောင့် အရောင်းအဝယ်အေးသွားတဲ့ မန္တလေး မြို့ ကျောက်စိမ်းဈေးကွက်မှာ ယခုတစ် ပတ်အရောင်းအဝယ်ပြန်ဖြစ်လာကြောင်း သိရပါတယ်။

ကျောက်ဝိုင်းမှာ လွှာချပ်ဝိုင်းနဲ့ အပွင့် ဝိုင်း အရောင်းအဝယ် သွက်လျက်ရှိပါ တယ်။  မဟာအောင်မြေမြို့ နယ် ကျောက်ဝိုင်းအတွင်း  ကျောက်စိမ်း ရောင်းဝယ်သူတစ်ဦးက "တရုတ်နှစ်သစ် ကူးပြီးပြီဆိုတော့  တရုတ်ဝယ်လက် အချို့ပြန်ဆင်းလာပြီ။ အရောင်းအဝယ် ဖြစ်တာ နှစ်ရက်ပဲရှိသေးတယ်။ ရွှေလီ မှာလည်း  ဝယ်လက်တွေ အရောင်း အဝယ်လုပ်တော့မှာမို့ ပစ္စည်းကြိုစုထား တဲ့အနေနဲ့ ဝယ်ကြတယ်။ တချို့ ရွှေလီ ကြယ်ဂေါင်ဈေးကွက်ထိ  သွားရောင်း ကြတယ်။  အဲဒီမှာဆို  ဈေးပိုရတော့ မန္တလေးဈေးကွက်မှာ  ဝယ်ပြီးသွား ရောင်းကြပြီ။ အရောင်းအဝယ် မဆိုး ဘူးဆိုပေမယ့် ပစ္စည်းကုန်ကြမ်း ရှား နေလို့ အဆင်မပြေဘူး။ ပစ္စည်းရှားနေ တဲ့အတွက်သြင်္ကန်ကာလအထိအရောင်း အဝယ်ကောင်းနိုင်ပြီး ဈေးမြင့်ပေးဝယ် လာနိုင်တယ်"လို့ ပြောပါတယ်။
မန္တလေးမြို့    မဟာအောင်မြေ ကျောက်မျက်ရောင်းဝယ်ရေး  စခန်း အတွင်း ပန်းပုထုရာမှာ အသုံးပြုတဲ့ လွှာ ချပ်များ အရောင်းအဝယ်ကောင်းပြီး၊ ကွမ်ရင်မယ်တော်ရုပ်ထု၊ ဦးတိပွားရုပ် ထု၊ မုံညင်းထုပ်ပုံ၊ ပန်းပု၊ ဝါးဆစ်ပန်း ပု၊ မျောက်ပုံပန်းပု၊ မြင်းပုံပန်းပုနဲ့ ဝက် ပုံပန်းပုများ  ထုလုပ်ရောင်းချမှုများ ကြောင်း၊ အပွင့်ဈေး လည်း ဈေးကောင်း ပေးပြီး ဝယ်ယူမှုရှိလာကြောင်း သိရပါ တယ်။              ဇူးဇူး-မန္တလေး