Main menu

Background

အိန္ဒိယ - မြန်မာနှစ်နိုင်ငံ ဆက်သွယ်သွားလာနိုင်မယ့် ဘတ်စ်ကားလိုင်း မကြာခင် ပြေးဆွဲမယ်

Mon, 05/13/2013 - 11:10 -- ydnar

အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံအကြား ဆက်သွယ်သွားလာနိုင်မယ့် ဘတ်စ် ကားလိုင်း မကြာခင်ပြေးဆွဲတော့ မယ် လို့ သိရပါတယ်။ ဘတ်စ်ကားလိုင်း ပြေး ဆွဲနိုင်ဖို့မော်တော်ကားလမ်းဖောက်လုပ် လျက်ရှိပြီး၊ ကားလမ်းဖောက် လုပ်မှုပြီး စီးတော့မှာဖြစ်လို့ မကြာခင် ဘတ်စ်ကား လိုင်း ပြေးဆွဲပေးမယ်လို့ သိရပါတယ်။ မန္တလေးအခြေစိုက် အိန္ဒိယကောင်စစ် ဝန်ချုပ် Dr  Madam Moham Sethi  က "အိန္ဒိယ -မြန်မာနှစ်နိုင်ငံအကြား စီး ပွားရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍ များအတွက် ဆက်သွယ်သွားလာရာမှာ လွယ်လွယ်ကူကူသွားလာနိုင်ဖို့ ဘတ်စ် ကားလိုင်း ပြေးဆွဲပေးတော့မှာဖြစ်ပါ တယ်။ ခရီးသွားလာမှု လုပ်ငန်းတွေ လည်း ပိုပြီး အဆင်ပြေလာမှာဖြစ်ပါ တယ်။ ဘတ်စ်ကားလိုင်းက အင်ဖာနဲ့ မန္တလေးကို ဆက်သွယ်ပြေးဆွဲမှာ ဖြစ် တယ် " လို့ ပြောပါတယ်။


 

အင်ဖာနဲ့ မန္တလေးမှာ ကီလိုမီတာ ၁၂၀ ကွာဝေးပြီး၊ အင်ဖာမှ မိုရေး၊ တမူး၊ ကလေးဝ၊ ယာကြီး၊ မုံရွာမြို့ များကိုဖြတ် ပြီး၊ မန္တလေးကို ပြေးဆွဲမယ်လို့ သိရပါ တယ်။ မိုရေးနဲ့ မန္တလေးအကြားမှာ မိုင် ၃၀၀ နီးပါးရှိပြီး၊ မိုရေး- တမူး - ကလေး ၀ ၁၂၃ မိုင်၊ ကလေး၀ - ယာကြီး ၁၁၅ မိုင်၊ မုံရွာ - မန္တလေး ၈၅ မိုင်ရှိကြောင်း သိရပါတယ်။    
ဇူးဇူး - မန္တလေး