Main menu

Background

အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံအဝေးပြေးလမ်းမကြီး မကြာမီစတင်သုံးနိုင်တော့မည်

Tue, 10/29/2013 - 14:52 -- ydnar

အဆိုပြုထားတဲ့ အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံချိတ်ဆက်တဲ့ အဝေးပြေး လမ်းမကြီး မကြာမီစတင် အသုံးပြုနိုင် တော့မယ်လို့ အိန္ဒိယကုန်သွယ်ရေးနဲ့ စက်မှုဝန်ကြီး Anand Sharma  က ပြောကြားလိုက်ပါတယ်။ ဒီအဝေးပြေး လမ်းမကြီးဟာ ဒေသတွင်းနိုင်ငံများ အကြား ချောမွေ့လျင်မြန်စွာ ကုန်စည် များ စီးဆင်းနိုင်စေရေး အထောက် အကူပြုသွားမှာဖြစ်တယ်၊ မိမိတို့အနေ နဲ့ မြန်မာနဲ့ ထိုင်းအစိုးရတို့ အဝေးပြေး လမ်းမကြီးဖောက်လုပ်ရေးလုပ်ငန်း တိုး တက်လာစေရေး ညှိနှိုင်းဆောင်ရွက် နေကြပြီး မကြာမီမှာပြီးစီးတော့မယ်လို့ Mr. Sharma  ကပြောပါတယ်။

အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် မိုရေးနဲ့ထိုင်းနိုင်ငံ မဲဆောက်တို့ကို မြန်မာနိုင်ငံကို ဖြတ်သန်းဆက်သွယ်မဲ့ အဆိုပါ အဝေးပြေးလမ်းမကြီးဖောက် လုပ်ရန် ၂၀၀၂ ခုနှစ် ဧပြီလက ရန်ကုန် မှာ ပြုလုပ်တဲ့ သုံးနိုင်ငံဝန်ကြီးများ အစည်းအဝေးမှ သဘောတူဆုံးဖြတ်ခဲ့ ကြတာဖြစ်ပါတယ်။
ဒီ အဝေးပြေး လမ်းမကြီးဟာ အိန္ဒိယနဲ့ အရှေ့တောင်အာရှနိုင်ငံများ ကို ဆက်သွယ်ပေးမဲ့ သိသာထင်ရှားတဲ့ ခြေလှမ်းတစ်ခုပဲဖြစ်ပါတယ်။ကုလားတန် မြစ်ကြောင်းစီမံကိန်း ပိုမိုဖွံ့ဖြိုးရေးကို လည်း အိန္ဒိယနိုင်ငံမှ ကြိုးပမ်းဆောင် ရွက်နေပါတယ်။ ကုလားတန်မြစ် ကြောင်း စီမံကိန်းဟာ အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားဆိပ်ကမ်းနဲ့ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းကို ရေကြောင်းလမ်း ဖြင့်ဆက်သွယ်ရန်နဲ့ စစ်တွေမှမီဇိုရမ်ကို ရေကြောင်း၊ကုန်းကြောင်းတို့နဲ့ ဆက် သွယ်နိုင်ရေး အစီအမံများလည်း ပါရှိ တယ်လို့ Mr. Sharma ကပြောပါတယ်။ ကုလားတန်မြစ်ကြောင်း စီမံကိန်းဟာ ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်နဲ့ မြန်မာနိုင်ငံတို့ကို အိန္ဒိယအရှေ့မြောက် ဒေသနဲ့ ဆက်စပ်ပေးထားတယ်လို့ Mr. Sharma  ကပြောပါတယ်။
အိန္ဒိယနိုင်ငံအနေနဲ့ IT အခြေခံ အဆောက်အဦ၊ စွမ်းအင်၊ လျှပ်စစ် ဓာတ်အားနဲ့ စိုက်ပျိုးရေးထုတ်လုပ်ခြင်း ဆိုင်ရာအပိုင်းများကို ဒီလေးနိုင်ငံမှာ ရင်းနှီးမြှုပ်နှံသွားရန် အစီအစဉ်ရှိတယ် လို့သိရပါတယ်။
အိန္ဒိယနိုင်ငံဟာ ဒီလေးနိုင်ငံထံမှ ပဲမျိုးစုံ၊ ရော်ဘာ၊ သစ်၊ သတ္တု၊ ဆီနဲ့ ဟင်းခတ်အမွှေးအကြိုင်များကို  ဝယ်ယူ တင်သွင်းကြသလို ပို့ကုန်အနေနဲ့ ဆေးဝါး၊ စက်ပစ္စည်း၊ ယာဉ်၊ ပလတ် စတစ်နဲ့ ဝါဂွမ်းများကိုလည်း တင်ပို့နေ တာ ဖြစ်ပါတယ်။ အိန္ဒိယနဲ့အဆိုပါ လေးနိုင်ငံကုန်သွယ်မှုပမာဏဟာ၂၀၁၂- ၂၀၁၃ မှာ ကန်ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံရှိတယ် လို့သိရပါတယ်။
ဂန္ဓမာ