Main menu

Background

နိုင်ငံရပ်ခြား တက္ကသိုလ်များသို့ပညာသင်ရန် သွားရောက်လိုသူများ HND Foundation သင်တန်း တက်ရောက်သင့်

Thu, 02/18/2010 - 03:25 -- Anonymous (not verified)

    အမေရိကန်၊ အင်္ဂလန်၊ ကနေဒါနှင့် သြစတြေးလျကဲ့သို့သော နိုင်ငံရပ်ခြား တက္ကသိုလ်များတွင် သွားရောက်ပညာသင်ယူ လိုပါက အင်္ဂလိပ်စာကျွမ်းကျင်မှုကို စိစစ်ပေးသော IELTSဖြေစရာမလိုဘဲ HND Foundation သင်တန်းကို ငါးလ တက်ရုံဖြင့် ဗီဇာရရှိရန် ရာနှုန်းပြည့်သေချာမည်ဖြစ်ကြောင်း သိရသည်။    `IELTS (International English Language Testing System) ဆိုတာ အင်္ဂလိပ်စာ ကျွမ်းကျင်မှုတစ်မျိုးတည်းကိုသာ စိစစ်ပေးတဲ့စနစ်ပါ။ အောင်မှတ် Scare ၁ ကနေ ၉ အထိ သတ်မှတ်ပေးပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ သြစတြေးလျ သံရုံးက IELTS ပါမှ ဗီဇာဝင်ခွင့်ပြု မယ်ဆို၍ သြစတြေးလျသွားချင်တဲ့သူတွေ အဲဒီ IELTS ကိုဖြေနေရတာ။ အခုသြစတြေးလျရောက်မှ IELTS သင်ပါမယ်လို့ ဖော်ပြထားရင် သံရုံးက ဗီဇာလျှောက်လွှာလက်ခံပြီး ဗီဇာပေးနေပြီ။ IELTS လို အင်္ဂလိပ်စာကျွမ်းကျင်မှု တစ်မျိုးတစ်ဖုံအတွက် စစ်ဆေးတဲ့စာမေးပွဲမျိုး မဖြေဘဲ HND Foundation ကိုသာ ငါးလတက်သင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ HND မှာက အင်္ဂလိပ်စာအပြင် ကိုယ်သင်ယူမယ့်ဘာသာရပ်ရဲ့ အခြေခံအားလုံး သင်ရမှာပါ။ မြန်မာနိုင်ငံမှာ HND Foundation ငါးလသင်ပြီးတဲ့အတွက် အင်္ဂလန်နဲ့ နိုင်ငံရပ်ခြားတက္ကသိုလ်တွေရောက်ရင် Foundation  တက်စရာ မလိုတော့ဘူး။ ဒါကြောင့် ငွေအများကြီး သက်သာသွားပါတယ်။ အမေရိကန်ဒေါ်လာ ၆၅၀၀ လောက် သက်သာသွားတာပါ။ တစ်ချို့ တက္ကသိုလ်ဝင်တန်း မအောင်မြင်ပေမယ့် လည်း တက်လို့ရပါတယ်။ ၉ တန်းအောင်ပြီးတာနဲ့ ပထမ ငါးလအနေနဲ့ HNC ၊ ဒုတိယ ငါးလအနေနဲ့ HND Foundation ကို သင်ယူရမှာဖြစ်ပါတယ်။ ဒါကြောင့် ၉ တန်းအောင်ပြီးတာနဲ့ HNC ၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေပြီးတာနဲ့ HND Foundation ကို ကြိုတက်မယ်ဆိုရင် ငါးလကနေ ၁၀ လအတွင်း နိုင်ငံခြား တက္ကသိုလ်မှာ တက်ခွင့်ရမှာဖြစ်ပါတယ်` ဟု နဝရတ်ပညာရေး စင်တာမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။    နိုင်ငံရပ်ခြား တက္ကသိုလ်များသို့ ဝင်ခွင့်ရရန်အတွက် အခြေခံလိုအပ်ချက်မှာ တက္ကသိုလ်ဝင်တန်း(၁၀ တန်း) စာမေးပွဲအောင်မြင် ရန်ဖြစ်ပြီး အင်္ဂလိပ်စာနှင့်ပတ် သက်၍ HND Foundation ကိုအသေးစိတ်သိရှိလိုပါက ဖုန်း-၂၅၀၂၂၅၊ ၂၅၀၁၅၀၊ ၀၉၅၁၂၇၃၀၀ သို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါသည်။