Main menu

Background

နို့ဆီနို့စိမ်း

Fri, 03/12/2010 - 03:31 -- Anonymous (not verified)

ယခင်အပတ်ထက်ပိုတင်သွင်း     ဒီအပတ်တွင်းမှာ  ပင်လယ်ရေ ကြောင်းကနေ နို့ဆီနဲ့နို့စိမ်း တန်ချိန် ၃၄ဝကျော် တန်ဖိုး ကန်ဒေါ်လာ သုံး သိန်း လေးသောင်းငါးထောင်ကျော်ကို တင်သွင်းလာပါတယ်။ စင်ကာပူ တစ် နိုင်ငံတည်းကနေ  ဝင်လာတာဖြစ်ပြီး ပုံမှန်တင်သွင်းနေကြ တံဆိပ်များအပြင် ကျန်းမာရေး   အထောက်အကူပြုတဲ့ နို့ဆီ၊ ပဲပုပ်နို့ဆီ၊ ဒတ်ချ်နိုင်ငံလုပ်  နို့ဆီ တံဆိပ်များကိုလည်း ပြည်တွင်းစမ်းသပ် ဝင်ရောက်လာတာတွေ့ရပါတယ်။ လာ မယ့် သြင်္ကန် နှစ်သစ်ကူးပွဲတော်အမီ ပြည်တွင်းဝယ်လက်များက ရက်ရှည် ပိတ်ရက်များ ရှိတဲ့အတွက် ပိုမိုတင်သွင်း ကြတဲ့သဘောရှိတယ်လို့ သိရပါတယ်။ ၂ဝ၁ဝ ခုနှစ် ဖေဖော်ဝါရီလအတွင်း နို့ဆီနဲ့နို့စိမ်း တင်သွင်းမှုက ကန်ဒေါ်လာ ၁ ဒသမ ၉၇ သန်းဖြစ်ပြီး ဇန်နဝါရီ လအတွင်း တင်သွင်းမှုက ကန်ဒေါ်လာ ဝ ဒသမ ၉၂ သန်းဖြစ်တာမို့ ယခင် ဇန်နဝါရီလ တင်သွင်းမှုထက်ဒေါ်လာ ၁သန်း ကျော်ဖိုး   ပိုမိုတင်သွင်းလာတာ  တွေ့ရပါတယ်။နယ်စပ်ကလည်း ပိုတင်သွင်း     ယခုအပတ်မှာတော့ကော့သောင်း နယ်စပ်မှ  နို့စိမ်း  ၅၅၆၅ ကာတွန်း၊ တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၉၁၂၆၆ ဒေါ်လာဖိုးနဲ့ မြဝတီနယ်စပ်မှ ၃၉၆၇ ကာတွန်း၊ ကန်ဒေါ်လာ ၆၅၈၅၃ ဖိုး တင်သွင်းခဲ့တဲ့အတွက်  ယခုအပတ်မှာ နယ်စပ်က နို့စိမ်း ၉၅၃၂ ကာတွန်း တင် သွင်းနိုင်ခဲ့ပါတယ်။ ယခင် အပတ်က ကော့သောင်း နယ်စပ်မှ တင်သွင်းခဲ့ခြင်း မရှိဘဲ မြဝတီနယ်စပ်ကသာ ၁၆၇၃ ကာတွန်း တင်သွင်းခဲ့တဲ့အတွက် ယခု အပတ်မှာ နယ်စပ်ကုန်သွယ်ရေးမှနို့စိမ်း တင်သွင်းမှု ကာတွန်း ၇၈၅၉ကျော် ပိုမို တင်သွင်းထားတာ တွေ့ရပါတယ်။ လက်လီနဲ့လက်ကား     ပြည်တွင်း နို့ဆီနဲ့ နို့စိမ်းများကို လက်လီနဲ့ လက်ကားဖြန့်ဖြူးရာမှာ ဒွန်း နို့ဆီ တစ်ပါကင် ၂၄ ဘူးကို လက်ကား ဈေး ၁၅၈ဝဝ ကျပ်နဲ့ ဖြန့်ဖြူးပြီး၊ ဒွန်း နို့စိမ်းတစ်ပါကင် ၂၄ ဘူးကို လက်ကား ဈေး ၁၅ဝဝဝ ကျပ်နဲ့ မာရီဂိုးနို့ဆီကို တော့ ၁၄၆၄ဝ ကျပ်နဲ့ ဖြန့်ချိကြောင်း သိရပါတယ်။ လပ်ကီးကောင်းတံဆိပ် နို့စိမ်းလက်ကားဖြန့်ဈေးကတော့ ယခင် အပတ်ကအတိုင်းပဲ   တစ်ကာတွန်းကို ၁၂၉၆ဝ  ဈေးနဲ့  လက်ကားဖြန့်ဖြူး ကြောင်း သိရပါတယ်။ ပြည်တွင်းဒေသ အသီးသီးအလိုက်    လက်လီဈေးတွေ ကတော့    အောက်ပါအတိုင်းဖြစ် ကြောင်း  သိရပါတယ်-          ရန်ကုန် မန္တလေး ဒွန်းနို့ဆီ ၆၈ဝ ၆၉ဝ ဒွန်းနို့စိမ်း ၆၃၃ ၆၄၅ကောင်းဘဲလ်နို့ဆီ ၆၁၅ ၆၂၅ ကောင်းဘဲလ်နို့စိမ်း ၆၁၅ ၆၂၅       ဝမ်းတီးနို့ဆီ ၅၈ဝ ၅၉ဝ    မိုင်ဘွိုင်းနို့စိမ်း ၅၈ဝ ၅၈၅                            MIRT (DOT)